Sunday, January 13, 2013

မြိတ်မြို့ ရေပုန်းရပ်တွင် ပေါ့ဆမီး လောင်ကျွမ်းမှုကြောင့် နေအိမ်ခန်း အနည်းငယ် ပျက်စီး ဆုံးရှုံး

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်နေ့ နေ့လယ် (၁၂း၀၅) နာရီအချိန် မြိတ်မြို့ ရေပုန်းနယ်မြေ အပြင်ရေပုန်းရပ်ကွက် မြိုင်သာယာလမ်း အမှတ်(၇၃) နေ ဦးဌေးဝင်း အသက် (၃၆)နှစ်၊ (ဘ ) ဦးခင်မြင့် ၊ နိုင်ငံသား စိစစ်ရေးအမှတ် (၆/ပလန (နိုင်) 036829 ) ၏ နေအိမ်တွင် မီးဖိုခန်းအနီးမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ရာ ရပ်ကွက် ပြည်သူလူထုများ နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက် အသီးသီးမှ မီးသတ်ယာဉ်များ လက်ဦးမှု ရယူ ငြိမ်းသတ်နိုင်မှုကြောင့် မီးဖိုချောင်နှင့် တွဲလျက် နေအိမ်ခန်း အနည်းငယ်သာ လောင်ကျွမ်းခဲ့ပြီး (၁၂း၁၅)နာရီတွင် မီးငြိမ်းသွားခဲ့သည်။ 


မီးလောင်ကျွမ်းမှုတောင် ငွေကျပ် တန်ဖိုး (၈၀၀၀ိ/) ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ ထိုမီးလောင်မှုနှင့် ပတ်သက်ပြီး ဦးဌေးဝင်းအား ပြစ်မှုဆိုင်ရာ ပုဒ်မ (၂၈၅) ဖြင့် အရေးယူ ထားကြောင်း သိရှိရသည်။ 




0 comments: