Thursday, January 24, 2013

ကျွန်းစုမြို့နယ် မအိုင်အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ပေးစေလို (ပေးစာ )

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်အုပ်စု အုပ်ချူပ်ရေးမှူး ရွှေးချယ်ပွဲကို (၁၉-၁-၂၀၁၃)ရက်နေ့ (၁၂၃၀) နာရီချိန်ခန့်က ပထက် အထက မှာ ကျွန်းစုမြို့နယ် ထွေ/အုပ်မှ ဒု ဦးစီးမှူး  ဦးကျော်နိုင်နှင့် အဖွဲ့လာရောက် ကျင်းပပြုလုပ်သွား ခဲ့ပါတယ်။ ရပ်/ကျေးအုပ်စု အတွင်း ဆယ်အိမ်မှူး (၁၄၅)ဦး အနက်မှ (၁၃၃)ဦး တက်ရောက်ကြောင်း သိရပါတယ်။ ၄င်းရွှေးချယ်ပွဲမှ မအိုင်အုပ်စု၊ အုပ်ချူပ်ရေးမှူး အဖြစ် ပထက်ရွာမှ ဦးထွန်းလှ (လက်ရှိရာအိမ်မှူး)၊ ကျန်ရာအိမ်မှူးများ အဖြစ် ပထော်ရွာမှ ဦးကျော်သီဟ (လက်ရှိ မအိုင်အုပ်ချူပ်ရေးမှူး ဦးအုန်းညွန့်၏ သား) ၊မအိုင်ရွာမှ ဦးအုန်းကျော် (လက်ရှိရာအိမ်မှူး)၊ လင်မလိုရွာမှ ဦးစိုးဝင်း (လက်ရှိရာအိမ်မှူး) နှင့်၊ မစမ်းပါးရွာမှ ဦးချိုငယ်တို့ကို အသီးသီး ရွှေးချယ် ပေးခဲ့ပါတယ်။ အုပ်ချူပ်ရေးမှူးနှင့် ရာအိမ်မှူးများ အသစ် ပေါ်ထွက်လာခြင်း မရှိဘဲ အရင်လူများသာ ရွှေးချယ်ခဲ့ ပါတယ် ။ ပြည်သူတွေ နားလှည့်ပါး ရိုက်တာပါ။ 

ပထော်နှင့် ပထက်ကျွန်းဟာ စီးပွားရေးခွင်ပါ။ ကုမ္ပဏီ တည်ဆောက်ခါစ အလုပ်သမား လိုအပ်ချက်အရ ပထက်ကျေးရွာ ကို ၁၉၉၉ခုနှစ်မှာ စတည်ပါတယ်။ ယခုအခါ လူနေ ထူထပ်လာတဲ့အခါ တပည့်လက်ပါးစေများ မွေးမြူပြီး ကျေးရွာကို အသုံးချနေဆဲဖြစ်ပါ တယ်။ ပညာရေး၊ လူမှုရေး အမျိုးမျိုး အကြောင်းပြကောင်းချက်ဖြင့် လုပ်အားပေးခိုင်စေနေခြင်း၊ သံဗ္ဗာန်မောင်းသူများ ကိုလည်း အလှည့်ကျ ကင်းချကာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကုမ္ပဏီ လုံခြုံရေး ခိုင်းစေနေခြင်း၊ သံဗ္ဗာန်(၁)စီး (၈၀၀၀ိ/-)ကျပ် လစဉ်ကောက်ခံနေတာ (၁၀)နှစ်ခန့် ကြာမြင့်နေခြင်း ၊ သံဗ္ဗာန်အသင်းသားများ ၏ သာရေး/ နာရေးပြုလုပ်ပေးခြင်းမရှိ (မရှိ)ခြင်း၊ ခရိုနီများ ခွင့်ပြုချက်မရဘဲ မည်သူမှကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ခွင့်မပြု (မပြု)ခြင်း၊ ဆိုင်ကယ်တက္ကစီ ၊ ဈေးဆိုင်များကိုလည်း လစဉ်ကြေး အများအပြားကို မတရားကောက်ခံပြီး ကုမ္ပဏီ လုံခြုံရေးဝန်ထမ်း အတွက် ၄င်းကောက်ခံငွေများဖြင့် လစာပေးနေကြောင်းစုံစမ်းသိရခြင်း၊ ကုမ္ပဏီခြံဝန်း တံခါးပေါက်ကိုလည်း (၂၄)နာရီ ပိတ်ထားပြီး လှေဆိပ်မှအတက်/ အဆင်းအတွက်ခက်ခဲနေခြင်း၊ ရေစက်ကို ရွာထိပ်တွင် ထားပြီး ရွာအဆုံးက လူတွေ အခက်အခဲဖြစ်နေခြင်း၊ လျှပ်စစ်မီတာခ တစ်ယူနစ်(၆၀၀ိ/-) ကျော်ပေးနေရခြင်း ဒုက္ခမျိုးစုံ ရင်ဆိုင်နေရ ပါတယ်။    ဦးထွန်းလှသည် ယခင်ကလည်း မသိသလို ခရိုနီတွေ ကြိုးဆွဲရာ ကနေသူဖြစ်ပါတယ်။ ဦကျော်သီဟသည်လည်း ၄င်း၏ဖခင် ဦးအုန်းညွန့်သည် ပထော်ရွာပိုင် လယ်များကို အခြား မရွှေဦးရွာသို့ ရောင်းစား ထားသဖြင့် ၂၃-၁၂-၂၀၁၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် (ကျွန်းစုခရီးစဉ်)မှာ ပြည်သူတစ်ဦးမှ တိုင်ကြားခြင်းခံရ ပါတယ်။ အဖေဆင်း သားတက် မြောက်ကိုရီးယား နိုင်ငံလို ဖြစ်နေသဖြင် အကြီးအကဲ များမှ လိုအပ်သလို ဆောင်ရွက် ပေးနိုင်ပါရန် မြိတ်ပုလဲမြေမှ တဆင့် တင်ပြအပ်ပါတယ်။
(မြိတ်ပုလဲမြေ သို့ mail ထဲသို့ ပေးပို့လာသည့် စာအား ထပ်ဆင့် ဖော်ပြအပ်ပါသည်။) 

2 comments:

aungmyatthit said...

ရပ်ကွက် - ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းစာအုပ်တွေကို သေချာဖတ်ရဲ့လား။ သဘောရောပေါက်ရဲ့လား။
ဖြစ်ရပ်မှန်တွေကိုတင်ပြတာဆိုရင်တော့ ကောင်းပါတယ်။ မွန်သူရဲကောင်း လဂွန်းအိမ်ရဲ့ ကျေးဇူးသိတတ်မှုကို လေ့လာကြည့်ပြီးမှ ပြောဆိုရေးသားရင်ပိုကောင်းတာပေါ့။
ကိုယ်တိုင်ကရောဘယ်ကလာတာလဲ။ ဘာတွေလုပ်ဖူးလဲ။ အရင်အကျင့်တွေရော ပြင်ပြီးပြီလား။ အများအကျိုးအတွက် ဘာလုပ်ဖူးလဲ။ အခုဘယ်မှာနေနေတာလဲ။
အကြောင်းအရာကို သေသေချာချာမသိပဲ၊ ကိုယ်ဖြစ်ချင်တာကိုပဲ ရေးမယ်ပြောမယ်ဆိုရင် တာဝန်ယူတတ်ရတယ်။
မဟုတ်တာတွေဆိုရင်တော့ မအိုင်အုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ ခင်ဗျားရော၊ ဆရာတွေရော အားလုံးတာဝန်ယူတတ်ရမယ်။
ကိုယ့်ဖက်ကရော Majority ဖြစ်ရဲ့လား။ အုပ်ချုပ်ရေးမှူးဖြစ်ချင်ရင်ကိုယ်တိုင်ကြိုးစားရတယ်။ အရည်အချင်းလဲလိုတာပေါ့။
နောက်ထပ်ရေးသားမယ်၊ ပြောဦးမယ်ဆိုရင်တော့ မျက်နှာခြင်းဆိုင်ကြတာပေါ့။
ကိုယ်ရပ်တည်နေတဲ့အဖွဲ့အစည်းမျက်နှာကိုလည်းထောက်ပါဦး။
ထပ်ပြောဦးမယ်။ မှားလို့ကတော့ အစိုးရအဖွဲ့တွေ၊ ၀န်ကြီးတွေကိုတောင် မညှာတာဖူး။ မသေချာပဲ ယောင်တောင်တောင်အရေးအသားတွေနဲ့ တပါးသူတွေစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရဘူး။