Wednesday, January 16, 2013

ဖမ်းဆီးမိ ငါးဗုံးခွဲလှေမှ ပစ္စည်းများအား ရောင်းစား

ကျွန်းစုမြို့နယ် ကပ ကျေးရွာအုပ်စု ပရည်ကျွန်း ကျေးရွာသို့ အမှတ်(၂၆၇) ပင်လယ်ပြင် စိုးမိုးရေးတပ်မှ ဗိုလ်ကြီး နိုင်လင်းထက် ဦးစီး၍ ငါးဗုံးခွဲလှေ တစ်စီးအား ငါးအပြည့်ဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၁၃ ဇန်န၀ါရီလ (၁၂) ရက်နေ့ ည (၁၂) နာရီအချိန်ခန့်တွင် ရောက်ရှိလာကာ ၄င်းကျေးရွာနေ ဦးမြင့်လွင်နှင့် ဦးအောင်လင်းစိုး တို့ထံ အပ်နှံ ထားခဲ့ကြောင်းနှင့် (၁၃) ရက်နေ့ (၀၈၀၀) ...နာရီ အချိန်ခန့်တွင် ဦးမြင့်လွင် ၊ ဦးအောင်လင်းစိုး၊ ဦးဖိုးကျော်၊ ဦးမြင့်နိုင်နှင့် ဦးမျိုးသိန်းတို့သည် ၄င်းဖမ်းမိလှေမှ ငါးများ (ရေခဲပုံး - ၁၄ပုံး၊ ကျန်ငါးများအား လှေဝမ်းထဲတွင် ) ထည့်ပြီး စခန်းသစ်ကျေးရွာသို့ ငါးသွားရောင်းကြောင်း၊ စခန်းသစ်ကျေးရွာမှ ငါးဝယ်ယူခြင်း မရှိသည့် အတွက် ပရည်ကျွန်း ကျေးရွာသို့ ပြန်လာခဲ့ပြီး ည(၈) နာရီအချိန်ခန့်တွင် မြိတ်မြို့သို့ တက်ရောက်ချကာ နောက်တစ်နေ့ (၁၄) ရက်နေ့ (၁၂) နာရီ အချိန်ခန့်တွင် ကျေးရွာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။ 

ပရည်ကျွန်း ကျေးရွာနေ ဦးမြင့်လွင်သည် ပင်လယ်ပြင် စိုးမိုးရေးတပ်နှင့် ပူးပေါင်းပြီး တပ်မှ တောင်းရမ်း ရရှိသော ဒီဇာယ်ဆီများအား သွားရောက်သယ်ယူကာ တစ်ဆင့်ခံ ပြန်လည် ရောင်းချပေးနေသော လုပ်ငန်း လုပ်ကိုင်လျက် ရှိပြီး ဦးအောင်လင်းစိုး ဆိုသူမှာလည်း လက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် အရွေးချယ် ထံထားရသူ တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။

0 comments: