Monday, January 14, 2013

ကျွန်းစုမြို့နယ် စစ်ဘုရွာ တွင် တစ်ဘက်နိုင်ငံသို့ ခိုးထုတ်မည့် မီးသွေးများ ဖမ်းဆီးမိ

မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲတော ကျေးရွာ အုပ်စု စစ်ဘု ကျေးရွာတွင် တစ်ဖက်နိုင်ငံသို့ တရားမ၀င် ခိုးရောင်းမည့် မီးသွေးများအား သတင်းအရ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ (၁၅၃၀) ချိန်ခန့်တွင် မြိတ်ခရိုင် သစ်တော ဦးစီးမှူး ၊ ကျွန်းစုမြို့နယ် သစ်တော ဦးစီးမှူး၊ နှင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ရာ မီးသွေး ပိုင်ရှင် ဦးမျိုးလွင် ထံမှ စက်လှေ ပေါ်တွင် တင်ထားသည့် မီးသွေး အိတ် (၈၀၀) ခန့်အား လည်းကောင်း၊ ပိုင်ရှင် ဒေါ်ရွှေကြည် ထံမှ မီးသွေးအိတ် (၃၀၀) ခန့်အား မီးသွေး သိုလှောင်ထားသည့် ကုန်းပေါ် တွင် လည်းကောင်း ဖမ်းဆီး ရမိသဖြင့် သစ်တော ဥပဒေ အရ အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 


0 comments: