Saturday, January 26, 2013

သတ္တုပညာသင်ပေးမည်ဟု ဆိုပြီး ဆီအုန်းခြံတွင် အလုပ်ကြမ်းခိုင်းသည့်အတွက် နစ်နာမှုအား တိုင်ကြားခြင်း (ပေးစာ )

ကျွန်းစုမြို့နယ် ယမုံကျေးရွာရှိ ငွေကမ္ဘာ ကုမ္ပဏီ မန်နေဂျာဦးဌေးလွင်မှ ထိုင်းနိုင်ငံတွင် သတ္တုပညာ သင်ပေးမည်ဆိုပြီး Vantage.co.ltd ကုမ္ပဏီမှ လုပ်ငန်းလိုအပ်ချက်အရ ထိုင်းနိုင်ငံမှ လုပ်ငန်း အတွေ့အကြုံ ရရှိစေရန် ၀န်ထမ်း(၁၀)ဦးကို (၆-၆-၂၀၁၂)ရက်နေ့က လေကြောင်း ခရီးဖြင့် ကော့သောင်းသို့ စေလွှတ်ခဲ့ပါသည်။ ကော့သောင်းတွင် အလုပ်ဗီဇာ ရရှိရေး အတွက် (၂)လကျော်ခန့် ကြာမြင့်ခဲ့ပြီး ၀န်ထမ်း(၆)ဦး စိတ်ပျက်ကာ တာဝန်ရှိသူများကို အသိ မပေးဘဲ အသီးသီး ထွက်ခွာ သွားခဲ့ပါသည်။ စားစရိတ် အဖြစ်တစ်ဦးလျှင် တစ်ရက်ဘတ်(၁၀၀)နှုံး၊ သုံးစရိတ်အဖြစ် လစာဘတ် (၅၀၀၀)နှုံး၊ မည်သည့် အလုပ်မှ ခိုင်းစေခြင်း မရှိဘဲ ကုမ္ပဏီက ကျခံ ထောက်ပံ့ပေးခဲ့ ပါသည်။ (၁၄-၈-၂၀၁၂) ရက်နေ့တွင် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းမှ တဆင့် တရားဝင်ဗီဇာဖြင့် ဦးကျော်မိုးနိုင်  ၆/ကစန (နိုင်)၀၉၄၃၆၅၊ ဦးဇင်ကိုဦး၆/ကစန(နိုင်)၁၀၀၀၂၂၊ ဦးရဲရင့်ကျော် ၆/ကစန(နိုင်) ၀၈၅၅၇၀၊ ဦးဇင်မင်းစိုး ၆/ကစန(နိုင်)၀၉၄၆၂၅ တို့(၄)ဦးကို ပို့ဆောင် ပေးခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် သတ္တုလုပ်ငန်း မဟုတ်ဘဲ ဆီအုန်းခြံထဲတွင် တောခုတ်၊ သစ်ခုတ်၊ သစ်တုံးထမ်း အလုပ်များကို နေ့စဉ် နားရက်မရှိ (မရှိ)သည့် အပြင် အလုပ်လုပ်ခွင့် ပါမစ် ၊ (ဆေးရုံဘတ်) မရှိ (မရှိ)ဘဲ အလုပ်လုပ်ခဲ့ရ ပါသည်။ အလုပ်ချိန်မှာ နံနက်(၀၆း၄၅) နာရီမှ (၁၁း၀၀)နာရီထိ၊ မွန်းတည့် (၁၂း၀၀)နာရီမှ ည(၀၆း၀၀)နာရီထိ ၊ စုစုပေါင်း(၁၀)နာရီ၊ အချိန်ပို(၂)နာရီ အတွက် ဘတ်(၅၀)ရရှိမည် ဆိုပြီး (၁၅)ဘတ်သာ ရရှိခဲ့ ပါသည်။ ဆက်လက် လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် နေရပ်သို့ပြန်ရန် တောင်းဆိုခဲ့ရာ vantage  co.ltd ကုမ္ပဏီက အလုပ်ရှင်/ အလုပ်သမား ဂတိဝန်ခံချက်ဆိုပြီး လက်မှတ် ရေးထိုးခိုင်းခဲ့ ပါသည်။

၎င်းဝန်ခံချက် စာချူပ်တွင် မည်သည့် အဖွဲ့အစည်းများကို တိုင်တန်းခြင်း မပြုလုပ်ရ၊ ခြိမ်းခြောက် ဖြားယောင်း လက်မှတ် ရေးထိုးခိုင်းခြင်း မဟုတ်ကြောင်း နှင့် မိမိဆန္ဒအရ ရေးထိုးခြင်း ဖြစ်ကြောင်းနှင့် လက်မှတ် ရေးထိုးသည့် နေ့မှစပြီး ၄င်းဝန်ထမ်း(၄)ဦး ကိစ္စအ၀၀ကို ကုမ္ပဏီအနေဖြင့် တာဝန်ယူဖြေရှင်းပေး မည် မဟုတ်ကြောင်း ဖော်ပြပါရှိ ပါသည်။ လိမ်ညာ ခေါ်ယူခိုင်းစေခဲ့ သဖြင့် ဆုံးရှူံး နစ်နာမှုများ ပြန်လည်ရရှိရေး အတွက် အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနသို့ တိုင်ကြားထား ပါသည်။

(မြိတ်ပုလဲမြေသို့ mail ထဲမှ တဆင့် ပေးပို့လာမှုအား ထပ်ဆင့် ဖော်ပြအပ်ပါသည်.။)

2 comments:

Ko Chan said...

မြိတ်လူကုန်ကူးအထူးအဖွဲ့ကနေ စစ်ဆေးပြီး တိုင်း၊ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်ပေးမှုကြောင့် အချိန်ပို လုပ်အားခ ငွတွေ ၂၉-၁-၂၀၁၃ နေ့က ရရှိသွားကြပါပြီ။ တင်္စဦးကို ၃၀၂၅၀၀ိ/- စီရကြပါတယ်..

Ko Chan said...

မြိတ်လူကုန်ကူးအထူးအဖွဲ့ကနေ စစ်ဆေးပြီး တိုင်း၊ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကုမ္ပဏီနဲ့ ဆက်သွယ်ဆောင်ရွက်ပေးမှုကြောင့် အချိန်ပို လုပ်အားခ ငွတွေ ၂၉-၁-၂၀၁၃ နေ့က ရရှိသွားကြပါပြီ။ တင်္စဦးကို ၃၀၂၅၀၀ိ/- စီရကြပါတယ်..