Monday, June 30, 2014

မြိတ်မြို့ သစ်ယာဝ ကျေးရွာ စိုက်ပျိုးရေး တာဝန်ခံမှ လယ်သမားများ စိုက်စရိတ် ထုတ်ပေးရာတွင် မမှန်မကန် ဆောင်ရွက်သည့် ကိစ္စ ဖြေရှင်းပေးပါရန် (ပေးစာ )



မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာမှ စိုက်ပျိုးရေး တာဝန်ခံ သည် လယ်ယာစိုက် ပျိုးရေး လုပ်ကိုင်လျက် ရှိသော ရွာငယ်များရှိ လယ်သမားများအား အစိုးရက ထုတ်ချေးပေးသော စိုက်ပျိုးရေး စရိတ်များကို မိမိကိုယ်ကျိုး အတွက်၌ အသုံးပြုရန် အတွက် ထိုချေးငွေများကို နည်းမျိုးစုံ ဖြင့် လိမ်လည် အမြတ်ထုတ်ပြီး လယ်သမားများ အပေါ်ခေါင်းပုတ်ဖြတ်လျက်ရှိပါတယ်။
 
နိုင်ငံတော်က လယ်သမားများ အတွက် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် အတိုးနှုန်း နဲနဲဖြင့် ထုတ်ချေးခဲ့ရာ ထိုချေးငွေများကို စိုက်ပျိုးရေး တာဝန်ခံ ထောက်ခံချက်ပါရှိသော ဘဏ်စာအုပ်ဖြင့်သာ ထုတ်ယူခွင့်ရှိ ပါသည်။ ထိုဘဏ်စာအုပ်များသည် လယ်ယာမြေများရှိသော လယ်သမားများနှင့်သာ သက်ဆိုင်၍ လယ်ယာမြေများ မရှိသောသူများနှင့်မူ လုံးဝသက်ဆိုင်ခြင်း မရှိပါ။


သိုပေမဲ့ လယ်ယာမြေများ မရှိသောသူများကို စိုက်ပျိုးရေး တာဝန်ခံ မှ မိမိ၏ ထောက်ခံချက်များဖြင့် စိုက်ဘဏ် စာအုပ်များကို ပြုလုပ်ပေးခဲ့ ပါသည်။ မမှန်ကန်သော ဘဏ်စာအုပ်၁အုပ် ပြုလုပ်ပေးတိုင်း ထိုတာဝန်ခံမှ ငွေ၁၀၀၀၀မှ ၁၅၀၀၀ အထိရရှိ ပါသည်။ ၄င်းစာအုပ်များ များလာလေလေ ထိုစိုက်ပျိုးရေး တာဝန်ခံ၌  ငွေကြေး ရရှိမှုများ လာလေလေ ဖြစ်ပါသည်။

ထိုစာအုပ်များ မဟုတ်မမှန်ဘဲ များပြားလာခြင်းကြောင့် လယ်မြေများကို အမှန်တကယ် စိုက်ပျိုးသူများမှာများစွာ နစ်နာရပါသည်။ ထိုစာအုပ်များ တိုးပွားလာခြင်းနှင့် ပတ်သက်၍ လယ်စိုက် တောင်သူများမှာ လယ် တစ်ဧကလျှင် ငွေ၁၀၀၀၀၀ကျပ် ရရှိမည့်အစား တစ်ဧကလျှင်ငွေ၆၀၀၀၀ ကျပ်နှင် တစ်ချို့ လယ်သမားများမှ ၄၀၀၀၀ကျပ် အထိ  မလောက်မငှသော စိုက်ပျိုးစရိတ်များသာရရှိခဲ့ ပါသည်။်

ထိုငွေများကို အားကိုး အားထားပြု၍ လုပ်ကိုင်နေသော လယ်သမားများမှာ အလွန်အမင်းပင် အခက်အခဲများနှင် ရင်ဆိုင်ခဲ့ရ ပါသည်ဲ်။ ပြင်ပမှငွေများကို ချေးယူမည် ဆိုလျှင်လည်း အတိုးနှုန်း ကြီးမားသောကြောင့် လယ်သမား များမှာ လယ်မြေများကို စိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ် အတွက် အလွန်ပင် ခက်ခဲနေ ပါသည်။

ထိုသို့ဦးသန်းစိန်၏ မမှန်သော လုပ်ရပ်များကြောင့် ဆင်းရဲတွင်း နက်သထက်နက် လာသော လယ်သမားများ၏ ဒုက္ခများကို နိုင်ငံတော်မှ အကြီးအကဲများနှင့် အများပြည်သူများ သိရှိနိုင်စေရန် တင်ပြရခြင်း ဖြစ် ပါသည်။

0 comments: