၁၉၇၁-ခုနှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့သော တနင်္သာရီမြို့ အခြေခံပညာ အထက်တန်းကျောင်း၏ ပထမအကြိမ် မြတ်ဆရာ ပူဇော်ပွဲအား ၂ဝ၁၄ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် အောင်မြင် ခမ်းနားစွာ ကျင်းပနိုင်ရေး အတွက် မြို့ခံ ကျောင်းသား/ သူဟောင်းများ အနေဖြင့် အစွမ်းကုန် ကြိုးစား၍ အကောင်အထည်ဖော်လျက် ရှိပါသည်။
ထို့အပြင် ရပ်ဝေးရှိ ကျောင်းသားဟောင်းများ အနေဖြင့် မိမိတို့ တနင်္သာရီမြို့၏ဂုဏ်၊ ကျောင်းဂုဏ်ကို မြင့်မား လာစေရန် အလို့ငှာ ဤမြတ်ဆရာ ပူဇော်ပွဲ ဖြစ်မြောက်ရေး အတွက် စေတနာ ရှေ့ ထားပြီး အားဖြည့် လှူဒါန်းလိုပါက အလှူငွေများကို “မန်နေဂျာ၊ မြန်မာ့ စီးပွားရေးဘဏ်၊ တနင်္သာရီမြို့ ငွေစုစာအုပ်အမှတ်.SF-293” သို့ လိပ်စာ မူ၍ တိုက်ရိုက် ပေးပို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
IPRD MYEIK










0 comments:
Post a Comment