Saturday, August 9, 2014

Myanmar Egress ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု သင်တန်း မြိတ်မြို့၌ ဖွင့်လှစ်

မြိတ်ခရိုင် အတွင်းရှိ နိုင်ငံရေး ပါတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင် သင်တန်းသား သင်တန်းသူ (၆၀)ဦး တက်ရောက်ပြီး Myanmar Egress Capacity Development Center မှ သင်တန်းနည်းပြ (၅)ဦး လာရောက် ဆွေးနွေး ပို့ချသည့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု အထောက်ကူပြု သင်တန်းကို သြဂုတ်လ(၉)ရက် နံနက်(၉)နာရီက မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

ထို သင်တန်းတွင် ခေါင်းဆောင်မှု စွမ်းရည်၊ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း၊ လူထုရှေ့ဟော နည်း ပြောနည်း ၊ စနစ်တကျ တွေးခေါ်နည်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာခြင်း၊ ဂလိုဗယ်လိုက် ဇေးရှင်း ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ နိုင်ငံရေးဘော ဂဗေဒ၊ ပြည်သူ့ရေးရာ မူဝါဒချမှတ်ခြင်း၊ ရပ်ရွာအခြေပြု  အဖွဲ့အစည်းများ၊ ထိရောက်သော အဖွဲ့အစည်းများ ဖွဲ့စည်းပုံ စီမံခန့်ခွဲခြင်း စသည့် ဘာသာရပ် များကို သင်ကြား ပို့ချပေး သွားမည်ဖြစ်ပြီး သြဂုတ်လ (၉)ရက်မှ (၁၂)ရက်နေ့ အထိ နေ့စဉ် နံနက်(၉) နာရီမှ ညနေ(၅)နာရီအထိ သင်ကြား ပို့ချသွား မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းကို မြိတ်ဒေသရှိ အနာဂတ် လူငယ်များ  လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၊ မြိတ် အများပိုင်  ကော်ပိုရေးရှင်း လီမိတက် နှင့် Myanmar Egress Capacity Development Center တို့ ပူးပေါင်း ဖွင့်လှစ် ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: