Saturday, August 23, 2014

သီးသန့် စီးပွားရေးဇုန် မိုင် (၂၀၀) အထိ စိုးမိုးနိုင်သော တပ်မတော်(ရေ)




မြန်မာ့တပ်မတော် (ရေ)သည် ပင်လယ်ပြင် စိုးမိုးရေး တာဝန်များကို ထမ်းဆောင် နေရာတွင် ကမ်းနီး ၀င်ရောက်၍ ငါးခိုးဖမ်း နေသော ကမ်းဝေး ရေယာဉ်များ သာမက ပင်လယ်ပြင်တွင် တရား ဥပဒေမဲ့ ဆောင်ရွက်နေမှု များကို ဖမ်းဆီးနိုင်လျက် ရှိသည်ကို  ယခု သီးသန့် စီးပွားရေးဇုံ အတွင်း ဖမ်းဆီး ရမိမှုက တပ်မတော်(ရေ) စွမ်းဆောင်ရည်ကို ပြသလျက် ရှိပါသည်။




မြန်မာ့ တပ်မတော် (ရေ)မှ ကိုယ်တိုင် ထုတ်လုပ်သော အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ်များဖြင့် ပင်လယ်ပြင် တရား ဥပဒေ စိုးမိုးရေး နှင့် လုံခြုံရေး တာဝန်များ ထမ်းဆောင်လျက် ရှိရာ ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့၌ ကော့သောင်းမြို့နှင့် ၁၈၂ မိုင်ကွာဝေးသော သီးသန့်စီးပွားရေးဇုံ ပင်လယ်ပြင်တစ်နေရာတွင် မူးယစ်ဆေးဝါးနှင့် သစ်များ တင်ဆောင်လာသော ရေယာဉ် တစ်စီးအား တရားခံများနှင့် အတူ ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရှိရ ပါသည်။

ဖမ်းဆီရမိသော မူးယစ်ဆေးဝါးများ တန်ဖိုးမှာ တရားဝင် သတ်မှတ်ဈေးအရ အမေရိကန် ဒေါ်လာ သန်း(၂၀)ခန့်ရှိပြီး ကာလပေါက်ဈေးနှင့် ဆိုပါက ၎င်းထက်များစွာ ပိုမိုကြောင်း သိရသည်။


ယင်းသည် မိုးတွင်းကာလ လှိုင်းလေ ကြမ်းတမ်း ခက်ထန်မူနှင့် ရာသီဥတု ဆိုးဝါးမူကို အခွင့်အရေး အကာအကွယ် ယူ၍ ကမ်းဝေး ပင်လယ်ပြင်ကို အသုံးချနေသော ဥပဒေမဲ့ လုပ်ငန်းများအား တားဆီး ဆောင်ရွက်နိုင် ခဲ့သည့် ရလာဒ် ကောင်း တစ်ခု ဖြစ်ပါသည်။

ထို့ပြင် အလှမ်းကျယ် ပြောသော သီးသန့် စီးပွားရေးဇုံ ကမ်းဝေး ပင်လယ်ပြင် အထိ မြန်မာ့ရေကြောင်း ဆိုင်ရာ အကျိုး စီးပွားများကို ကာကွယ် စောင့်ရှောက်နိုင်ရုံ သာမက ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး လုပ်ငန်း တာဝန်များ ကိုပါ ကျေပြွန်စွာ ထမ်းရွက်နိုင် ခဲ့သည့် မြန်မာ့ တပ်မတော်(ရေ) စွမ်းရည် သက်သေကောင်း တစ်ခုလည်း ဖြစ်ပါကြောင်း ဤနေရာမှ မှတ်တမ်းတင် ဖော်ပြအပ် ပါသည်။
myanmar navy

0 comments: