Thursday, August 21, 2014

ဆိုင်ကယ်ခိုးယူသူအား ဖမ်းဆီးစစ်ဆေးရာမှ ယခင် ခိုးယူရောင်းချထား ခဲ့သည့် ဆိုင်ကယ်များပါ ထပ်မံသိမ်းဆည်းရမိ

၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၇)ရက် ည (၇း၁၅)နာရီအချိန်ခန့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှုခင်းအကူတပ်ဖွဲ့မှ ရဲအုပ်ချိုလွင် နှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဆိုင်ကယ်ပျောက်ဆုံးမှုဖြင့် မြိတ်မြို့မရဲစခန်း (ပ) ၅၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုနှင့် (ပ) ၅၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ အမှုတို့မှ တရားခံ ထွန်းနိုင် (ခ) မင်းနိုင် (ခ) နိုင်ထွန်း (ခ) ဟိန်းငယ် (၂၄)နှစ် (ဘ) ဦးမောင်အေး၊ မြိတ်မြို့၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့သာရီရပ်ကွက်နေသူ၏ စစ်ဆေးခဲ့ရာ ကွင်းဆက်ဖော်ထုတ်ချက် အရ ပုလောမြို့နယ်၊ ပလကျေးရွာနေ ကိုမြတ်လင်းသူ ထံတွင် ရောင်းချထားခဲ့သော ခဲရောင်နှင့် အမဲရောင် Wave S 100 အမျိုးအစား၊




ဆိုင်ကယ်သော့တစ်ချောင်းနှင့် အမည် ဦးကျော်နိုင်၊ ၆/မအရ (နိုင်) xxxxxx ၊ ဆိုင်ကယ်အမှတ် ၂၈/xxxxx နံပါတ်ပါ ဆိုင်ကယ် သက်သေခံ စာအုပ်များမှာ ၄င်းပိုင်ပစ္စည်းများအဖြစ် ခိုင်လုံသော အထောက်အထား များဖြင့် ယုံကြည်အောင် ပြောဆိုပြသနိုင်ခြင်း မရှိသည့်အပြင် ထပ်မံ စစ်ဆေးချက်အရ ၄င်းမှ ယခင် ခိုးယူထားခဲ့သော ဆိုင်ကယ်များကိုပါ ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့သဖြင့် ဆိုင်ကယ် (၈) စီးခိုးယူသူ တရားခံ ထွန်းနိုင် (ခ) မင်းနိုင် (ခ) နိုင်ထွန်း (ခ) ဟိန်းငယ် (၂၄)နှစ် (ဘ) ဦးမောင်အေး အား မြိတ်မြို့မ ရဲစခန်းမှ (ပ) ၅၄၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ ၊ (ပ) ၅၄၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ ၊ (ပ) ၅၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ ၊ (ပ) ၅၄၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ ၊ (ပ) ၅၄၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ ၊ (ပ) ၅၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

0 comments: