Thursday, August 7, 2014

မြိတ်မြို့တွင် မျက်စိရောဂါ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးရန် စတင်စမ်းသပ်

မြိတ်ခရိုင် အတွင်းရှိ မျက်စိရောဂါ ဝေဒနာရှင် များအား ပြည်ဖြိုးထွန်းကုမ္ပဏီမှ ကြီးမှူး၍ နီပေါနိုင်ငံမှ မျက်စိ အထူးကု ဆရာဝန်ကြီးနှင့် ဆေးပညာရှင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိ အထူးကု ဆရာဝန်ကြီးများ ပူးပေါင်း၍ မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ် ကုသပေးရေး အတွက် ခွဲစိတ်ရ မည့်ဝေဒနာရှင် များကို သြဂုတ်လ(၇)ရက် နံနက်(၁၀)နာရီက မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် စတင် စမ်းသပ် စစ်ဆေးလျက် ရှိသည်။


အဆိုပါ မျက်စိရောဂါ ဝေဒနာရှင် များအား အခမဲ့ ခွဲစိတ်ကုသပေးရေး အတွက် မြိတ်ခရိုင် အတွင်းရှိ မျက်စိရောဂါ ဝေဒနာရှင်များအား ခွဲစိတ်ကုသရန် အသက်(၁၅)နှစ်နှင့် အထက် ဝေဒနာရှင် များအား သြဂုတ် လ(၇) ရက်နေ့မှ (၁၀)ရက်နေ့ အထိ မြိတ်ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်း၊ မျက်စိ အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ က ဝေဒနာရှင် များကို စမ်းသပ် စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရှိရသည်။

မြိတ်ခရိုင် အတွင်းရှိ မျက်စိဝေဒနာရှင် အသက်(၁၅)နှစ်နှင့် အထက် မျက်စိအတွင်း တိမ်ဝေဒနာ ရှင်များကို စမ်းသပ်စစ်ဆေးပြီး ခွဲစိတ်ရမည့် ဝေဒနာရှင်များအား သြဂုတ်လ (၁၄)ရက်မှ (၁၇)ရက်နေ့ အတွင်း ခွဲစိတ် ကုသပေးသွားမည်ဖြစ်သည်။ ခွဲစိတ်ကုသပေး သည့်နေ့များတွင် နယ်ဝေးမြို့နယ်များနှင့် မြိတ်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဝေဒနာ ရှင်များအား မြိတ်မြို့ တပ်ပြင်ရပ် လှည်းဘီး ပရိယတ္တိ စာသင်တိုက် တွင် နေထိုင်ရေး စီစဉ်ဆောင် ရွက်ပေး သွားမည်ဖြစ်ပြီး ခွဲစိတ်ကုသသည့် လူနာများ အပြင် စောင့်ရှောက်မည့်သူ များအား နေထိုင်ရေး၊ စားသောက်ရေးနှင့် ခွဲစိတ်ကုသသည့် လူနာများအား သယ်ယူပို့ဆောင်ရေးကို ပြည်ဖြိုးထွန်း ကုမ္ပဏီမှ တာဝန်ယူ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

IPRD MYEIK

0 comments: