Thursday, August 7, 2014

မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ဝင်ငွေ တိုးမြှင့်ရရှိ

တနင်္သာရီတိုင်း ဒေသကြီး   မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် ကုန်သွယ်ရေးဂိတ်တွင် မြန်မာ-ထိုင်းနယ်စပ် ပရာချွတ်ကိရိခံ(ပကျွတ်) ဗန်ကောက်မြို့မှ ဝင်ရောက်လျက် ရှိသည့် လူသုံးကုန် ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင်သုံးနှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ ဆောက်လုပ်ရေးသုံး ဘိလပ်မြေများကို တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများအား တရားမဝင် ကုန်ပစ္စည်း တားဆီး ထိန်းချုပ်ရေး ဗဟိုကော် မတီက ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တစ်ဦးချင်း ကုန်သွယ်ရေး ကတ်များဖြင့် တင်သွင်းခွင့် ခွင့်ပြုခဲ့ခြင်းကြောင့် ကုန်သွယ်မှု ဝင်ငွေတိုးတက် မြင့်မား ရရှိခဲ့ကြောင်း သိရသည်။


တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်ရေးဇုန် ၁၄ ခု ဖွင့်လှစ်၍ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ပို့ကုန်၊သွင်းကုန် လိုင်စင်အစား အဆိုပါ တစ်ဦးချင်း ကုန်သွယ်ရေးကတ်များ ထုတ်ပေးပြီး တရားမဝင် ကုန်သွယ်မှုအား စည်းကြပ်ခဲ့ခြင်းကြောင့် ကတ်များ စတင် ထုတ်ပေးသည့် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ယမန်နေ့အထိ နယ်စပ်ပို့ကုန်မှ စုစုပေါင်းငွေ ကျပ် ၁ ဒသမ ၉ ဘီလီယံ၊ နယ်စပ်သွင်းကုန်မှ စုစုပေါင်း ငွေကျပ် ၇ ဒသမ ၇ ဘီလီယံနှင့်  နယ်စပ် တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုမှ စုစုပေါင်း ငွေကျပ် ၉ ဒသမ ၆ ဘီလီယံအထိ ရရှိခဲ့သည်။

ဆက်လက်၍ ဆုံးရှုံးနေသော အခွန်အခများ ရရှိရေး၊ တရားမဝင် ကုန်ပစ္စည်း တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ အခြေခံမူဝါဒများ အရ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် မောတောင် ကုန်သွယ်ရေး ဇုန်မှတစ်ပိုင်တစ်နိုင် ကုန်သွယ်မှုများ အတွက် တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်များဖြင့် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်း တင်သွင်းခွင့်နှင့် တင်ပို့ခွင့် ပြုထားခြင်းတို့ကြောင့် ကုန်သွယ်မှု ဝင်ငွေများ တိုးတက် ရရှိလာကြောင်း သိရသည်။ 
မြိတ်ဝတီ (မြိတ်   ဇူလိုင်   ၂၇)

0 comments: