Friday, August 8, 2014

မြိတ်မြို့၌ အစ္စလာမ်ဘာသာဝင် (၁၄) ဦးမှ ဗုဒ္ဓဘာသာဝင်များ အဖြစ် ခံယူကူးပြောင်း



မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု ……………… ရပ်ကွက် ၊ (               ) လမ်းနေ ဦးစိုးသိန်း(ခ) ဦးရာရှင် အသက် (၄၄)နှစ် ၏ အိမ်ထောင်စုမှ မိသားစုဝင် (၈)ဦး၊ ဦးမျိုးမင်းထိုက် ၏ အိမ်ထောင်စုမှ မိသားစုဝင် (၄) ဦး၊ ဦးချစ်ဦး ၏ အိမ်ထောင်စုမှ မိသားစုဝင် (၄)ဦးတို့ အနက်မှ စုစုပေါင်း အစ္စလာမ် ဘာသာဝင် (၁၄) ဦးတို့သည် အစ္စလာမ် ဘာသာဝင် အဖြစ်မှ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်း ခဲ့ကြပြီးနောက် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် မြိတ်မြို့ 


 စန္ဒ၀တ် ကျေးရွာအုပ်စု ကျောက်ဖြူတောင် ကျေးရွာ မင်္ဂလာ ဇေယျုံ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ မြိတ်မြို့နယ် သံဃမဟာ နာယကအဖွဲ့ အတွင်းရေးမှူး မဟာ သိဒ္ဒိဇယ စန္ဒာရုံ ကျောင်း ဆရာတော် ဘန္ဒန္တ စန္ဒောဘာသ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ ဆရာတော် အမှူးပြုသော သံဃာတော် (၁၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် အိမ်ထောင်စုဝင် တစ်ဦး ဖြစ်သည့် မောင်စိုးထွေး (ဘ) ဦးစိုးသိန်း (ခ) ဦးရာရှင်အား ရှင်သာမဏေ အဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်း ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: