Saturday, August 30, 2014

MPT SIM ကဒ်များကို လက်လီ အရောင်းဆိုင်များ တွင် ဝယ်ယူရရှိ နိုင်တော့မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် မိဘပြည်သူများအား SIM ကဒ်များ ပိုမို လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေး အတွက် ဆောင်ရွက်လျက် ရှိရာ  မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ တန်ဖိုးနည်း SIM ကဒ်များကို နိုင်ငံ တစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ လက်လီ အရောင်းဆိုင်များတွင် စက်တင်ဘာလ (၁)ရက်နေ့မှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေး မည်ဖြစ်ကြောင်း၊  SIM ကဒ်များကို လစဉ်လတိုင်း ဝယ်ယူ ရရှိနိုင်ရေး နှင့် နိုင်ငံ အနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန က သြဂုတ်လ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။


တနင်္သာရီတိုင်းဒေသကြီး အတွင်း  ထားဝယ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ကျွန်းစု၊ လောင်းလုံ၊ မြိတ်၊ ပုလော၊ ရေဖြူ မြို့နယ် တို့တွင် အဆိုပါ WCDMA SIM များအား ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 
စက်တင်ဘာလ ၁ရက်နေ့မှ စတင်ပြီး Elite Asia Megalink အစရှိတဲ့ ဆိုင်တွေနဲ့ လက်လီဆိုင်တွေမှာ MPT ရဲ့ ကျပ်၁၅၀၀ တန် WCDMA ဆင်းကတ်တွေကို မည်သူမဆို ဝယ်ယူနိုင်ပြီလို့သိရသည်။ မြို့နယ် အသီးသီးရှိ လူဦးရေ အနည်းအများပေါ် မူတည်ပြီး ဆင်းကတ် အရေအတွက် သတ်မှတ် ချထားပေးခြင်း ဖြစ်သည်ဟု သိရသည်။

0 comments: