မြန်မာသက္ကရာဇ် ၁၀၉၃ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့၍ သက်တမ်း (၂၈၁)နှစ်ရှိပြီဖြစ်သော မြိတ်မြို့၊ လေးကျွန်း ဆီမီးစေတီတော်ကြီးကို
၁၃၇၄ ခုနှစ်တွင် ငွေကျပ်သိန်း (၁၃၀၀)ကျော်ဖြင့် လုံးတော်ပြည့် ရွှေစင်၊
ရွှေပြားနှင့် ရွှေဆိုင်းများ ကပ်လှူ ပူဇော်၍ ရောင်တော်ဖွင့်ခဲ့ပြီး ဖြစ်ပါသည်။
စေတီတော်ကြီး၏ (၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ၁၃၇၄ ခုနှစ်၊
တပေါင်းလဆန်း (၁၀)ရက်မှ တပေါင်း လပြည့်ကျော် (၁)ရက် (၂၁-၃-၂၀၁၃ မှ
၂၇-၃-၂၀၁၃)ရက်နေ့အထိ (၇)ရက်တိုင်တိုင် အောက် ပါနေ့ရက်များအတိုင်း
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(၁) ဗုဒ္ဓပူဇနိယတပေါင်းပွဲတောင် ဖွင့်ပွဲအခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ (၂၁-၃-၂၀၁၃)ရက်၊ ကြာသပတေးနေ့၊ နံနက် (၉း၀၀)နာရီ။
(၂) ရွှေစင်၊ ရွှေပြား၊ ရွှေဆိုင်း အလှူတော်ရေစက်ချမင်္ဂလာအခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆-၃-၂၀၁၃)ရက်၊ အင်္ဂါနေ့၊ နံနက် (၉း၀၀)နာရီ။
(၃) ဆီမီး (၅၀၀၀)ပူဇော်ပွဲ
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်နေ့ (၂၆-၃-၂၀၁၃)ရက်၊ အင်္ဂါနေ့၊ ညနေ (၆း၀၀)နာရီမှ (၉း၀၀)နာရီအထိ။
(၄) ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာတင်အခမ်းအနား
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)ရက်၊ (၂၇-၃-၂၀၁၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၅း၀၀)နာရီ။
(၅) ဆွမ်းဆန်လောင်းလှူပွဲ
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁)၇က်၊ (၂၇-၃-၂၀၁၃)ရက်၊ ဗုဒ္ဓဟူးနေ့၊ ညနေ (၃း၀၀)နာရီ။
ဆွမ်းဆန်တော်လောင်းလှူပွဲတွင် စေတီတော်သြ၀ါဒါစရိယ ဆရာတော်ကြီးများအပါအ၀င်
သံဃာတော် များနှင့် သီလရှင်များ စုစုပေါင်း (၁၁၅)ပါးတို့အား
စေတီတော် ရင်ပြင်ပေါ်၌ ဆွမ်းဆန်လောင်း လှူမည်ဖြစ်ပါ၍ အလှူရှင်များမှ
သဒ္ဒါတရား ထက်သန်စွာဖြင့် ကုသိုလ်ပြု ပါဝင် လှူဒါန်းနိုင်ကြောင်းနှင့် ဖုန်း
၀၅၉ ၄၁၁၁၆ သို့ ကြိုတင်စာရင်းသွင်းလှူဒါန်းနိုင်ကြောင်းကို
ဘဏ္ဍာတော်ထိ န်းဂေါပကအဖွဲ့မှ နှိုးဆော်ထားကြောင်း သိရှိရသည်။
Android Mobile Security antivirus
-
*360 mobile guards*
360 Guardian Phone is a free mobile phone security software, anti-spam SMS
collection, anti-harassment calls, anti-privacy leak, secur...
10 years ago








1 comments:
ဘုရားဖူးပြည်သူများမှအဖိုးတန်ရွှေငွေများအားစနစ်တကျသိမ်း ဆည်းပြီးဆိုင်ကယ်များကိုသတ်မှတ်နေရာတွင်အပ်နှံခြင်းဖြင့်ဒုစရိုက်မှုများကိုကာကွယ်ပါ
Post a Comment