မြိတ်ပုလဲမြေ

မြိတ်ပုလဲမြေမှ နွေးထွေးစွာကြိုဆိုပါ၏။

Monday, October 26, 2015

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြိတ်မြို့နယ် ရွေးကောက်ပွဲ အထူးရဲ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြိတ်မြို့နယ် ရွေးကောက်ပွဲ အထူးရဲ တပ်ဖွဲ့ဝင်များအား တွေ့ဆုံ မြိတ် အောက်တိုဘာ ၂၅ ရက် တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ  လုံခြုံရေးနှင့် နယ်စပ်ရေးရာ   ၀န်ကြီး ဗိုလ်မှူးကြီးဇော်လွင်၊  အတွင်းရေးမှူး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းတို့သည် အောက်တိုဘာလ ၂၅ရက်နေ့ နေ့လည် ၁၃၀၀ အချိန်မှ ၁၄၀၀ အချိန်ထိ အထူးရဲသင်တန်း ဖွင့်လှစ်ထားရှိသည့်...

Saturday, September 19, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက် ----------------------------------------- ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တနင်္သာရီမြို့နယ် အတွင်း ပြည်သူ့လွှတ်တော်။ အမျိုးသားလွတ်တော်။ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နေရာများ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် တင်ပြအပ်ပါသည်...

Thursday, September 17, 2015

မြိတ် ပုလော ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုပြီး ကားလမ်း ခေတ္တ ပိတ်ဆို

မြိတ် ပုလော ကားလမ်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုပြီး ကားလမ်း ခေတ္တ ပိတ်ဆို့ ---------------------- တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် စက်တင်ဘာလ(၁၆)ရက် ည(၉း၃၀)နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကဒဲကျေးရွာအုပ်စု မင်းထိန်ကျေးရွာနှင့် မကျည်းကုန်းကျေးရွာတို့တွင် တောင်မြေ ပြိုကျပြီးလမ်း ခေတ္တပိတ်ဆို့ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကျည်းကုန်း ကျေးရွာအုပ်စု ခမောင်းတော ကျေးရွာတွင် လမ်းဘေးတောင် နံရံပြိုကျပြီး...

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် မြိတ်မြို့၊ ရုံးတောင်လမ်းတွင် ဖွင့်လှစ်ထားရှိသော ပြည်သူများ အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးအား ကြည့်ရှုစစ်ဆေး

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် မြိတ်မြို့၊ ရုံးတောင်လမ်းတွင် ဖွင့်လှစ်ထားရှိသော  ပြည်သူများ အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးအား ကြည့်ရှုစစ်ဆေး မြိတ် သြဂုတ် ၁၆ ရက် ပြည်သူများအတွက် ၀န်ဆောင်မှုများ မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်စေရေးအတွက် ပြည်သူ့ဝန်ဆောင်မှု ရုံးကို မြိတ်မြို့ ရုံးတောင်လမ်း  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် အဆောက်အဦတွင် သြဂုတ်လ(၁၂)ရက် နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ စက်တင်ဘာလ(၁၆)ရက် နံနက်(၁၁း၃၀)နာရီက ပြည်ထဲရေးဝန်ကြီး...

ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် မြိတ်ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်^မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် မြိတ်ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်^မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များနှင့် ခရိုင် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ------------------ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် အဖွဲ့သည်    (၁၅-၉-၂၀၁၅) ရက်နေ့ နေ့လည် (၂)နာရီ အချိန်၌...

Wednesday, September 16, 2015

ချောင်းလမုတံတားပျက်စီးမှုအား ယာယီဘေလီတံတား ဆောက်လုပ်ပြီးစီး

ချောင်းလမုတံတားပျက်စီးမှုအား ယာယီဘေလီတံတား ဆောက်လုပ်ပြီးစီးနေပြည်တော် ၊ စက်တင်ဘာ ၁၅တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာ မိုင်တိုင်အမှတ်(၇၂)ရှိ အရှည် ၁၄၀ ပေ၊ အကျယ် ၁၄ ပေ ချောင်းလမုတံတား (ဘေလီတစ်ထပ်)သည် စက်တင်ဘာ ၁၁ ရက်ညပိုင်းတွင် ပျက်စီးခဲ့ပြီး လူနှင့်ဆိုင်ကယ်များ သွားလာနိုင်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယာယီရေပေါ် ၀ါးတံတားဆောက်လုပ်ပေးခဲ့သည်။ ထို့အတူ...

Tuesday, September 15, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်-----------------------------------------၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြိတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်။ အမျိုးသားလွတ်တော်။ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နေရာများ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် တင်ပြအပ်ပါသည်။ အခြားသောပါတီ ကိုယ်စားလှယ်လောင်းများအား ဆက်လက်တင်ပြပေးသွားပါမည်။...

Saturday, September 12, 2015

တနင်္သာရီမြို့နယ် ၊ချောင်လမုကျေးရွာ တံတားကျိုးပြီး ကားပြုတ်ကျမှုဖြစ်ပွား

တနင်္သာရီမြို့နယ် ၊ချောင်လမုကျေးရွာ တံတားကျိုးပြီး ကားပြုတ်ကျမှုဖြစ်ပွား ==============================       ၂၀၁၅ ခုနှစ်၊စက်တင်ဘာလ ၁၁ ရက်နေ့ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် တနင်္သာရီမြို့နယ် ၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာအထွက် မိုင်တိုင်အမှတ် ၇၂ မိုင် ၂ ဖာလုံရှိ ချောင်းလမုတံတား ကျိုးကျမှုဖြစ်ပွားခဲ့သည်။ ...

Thursday, September 10, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက် ----------------------------------------- ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြိတ်မြို့နယ်အတွင်း ပြည်သူ့လွှတ်တော်။ အမျိုးသားလွတ်တော်။ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် နေရာများ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် တင်ပြအပ်ပါသည်။ အခြားသောပါတီ ကိုယ်စားလှယ်လောင်းများအား ဆက်လက်   တင်ပြပေးသွားပါမည်...

Wednesday, September 9, 2015

မော့တောင်နယ်စပ်ဂိတ်၌ မားစ်ရောဂါဗိုင်းရပ်စ်ပိုး စောင့်ကြပ်စစ်ဆေးပေးလျက်ရှိ

မော့တောင်နယ်စပ်ဂိတ်၌ မားစ်ရောဂါဗိုင်းရပ်စ်ပိုး စောင့်ကြပ်စစ်ဆေးပေးလျက်ရှိ တနင်္သာရီ - စက်တင်ဘာ(၈)ရက်  ပြည်သူအများစိုးရိမ်ပူပန်လျက်ရှိသည့်  မားစ်ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်မှုမရှိစေရေး၊ ကြိုတင် ထိန်းချုပ်နိုင်စေ ရေးအတွက် နေရာအနှံ့တွင် စောင့်ကြပ်စ စ်းဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု - (မြန်မာ-ထိုင်း) မော့တောင်နယ်စပ်ဂိတ်(မြန်မာ) လူဝင်လူထွက်ဖြတ်သန်း ဂိတ်တွင် မားစ်ရောဂါဗိုင်းရပ်စ်ပိုး...

Tuesday, September 8, 2015

တက္ကသိုလ်ဝင်စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/သားများအား ဂုဏ်ပြုချီးမြှင့်

တက္ကသိုလ်ဝင်စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/သားများအား ဂုဏ်ပြုချီးမြှင့် တနင်္သာရီ - စက်တင်ဘာ(၇)ရက်  တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ၂၀၁၄-၂၀၁၅ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲ၌ တနင်္သာရီမြို့နယ်အတွင်းရှိစာစစ်ဌာနသုံးခုတို့မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းတွင်းနှင့်ပြင်ပဖြေ ကျောင်းသူ/သား(၇၉)ဦးတို့အား  စက်တင်ဘာလ(၇)ရက် နံနက်(၀၉း၀၀) နာရီ အချိန်က တနင်္သာရီခန်းမအတွင်း ဂုဏ်ပြုချီးမြှင့်ခြင်း...

Monday, September 7, 2015

မြန်မာ- ထိုင်းနှစ်နိုင်ငံဖြတ်သန်း စက်ဘီးစီးပွဲတော် မော့တောင် နယ်စပ်ဂိတ်တွင်ကျင်းပ

မြန်မာ-ထိုင်းနှစ်နိုင်ငံဖြတ်သန်း စက်ဘီးစီးပွဲတော် မော့တောင်     နယ်စပ်ဂိတ်တွင်ကျင်းပ တနင်္သာရီ - စက်တင်ဘာ(၆)ရက်  မြန်မာ-ထိုင်းနှစ်နိုင်ငံဖြတ်သန်း စက်ဘီးစီးပွဲတော်ကို  တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်  သိန်ခွန်းေ ကျးရွာအုပ်စု -မောတောင်နယ်စပ်ဂိတ် မုခ်ဦး (မြန်မာ) အရှေ့၌ ထိုင်းနိုင်ငံအတွင်းမှ နိုင်ငံသူ/နိုင်ငံသား စက်ဘီးစီးသမား ပေါင်း( ၁၈၃၆ )ဦးတို့အား စက်တင်ဘာလ(၆)ရက် နံနက်(၀၉း၄၅)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး...

Saturday, September 5, 2015

မြိတ်မြို့နယ် ရဲတပ်ဖွဲ့ နယ်မြေ ဒေသလုံခြုံရေး ဆောင်ရွက်

မြိတ်မြို့နယ် ရဲတပ်ဖွဲ့ နယ်မြေ ဒေသလုံခြုံရေး ဆောင်ရွက် ******•••••••••••••••**********•••••••• မြိတ်မြို့တွင်း အေးချမ်းသာယာရေးနှင့်နယ်မြေဒေသ အေးချမ်း လုံခြုံမှုရှိစေရန် အတွက် မြိတ်မြို့ မြို့မရဲစခန်းမှူး ဒု-ရဲမှူးနေလင်း ဦးစီးသော ရဲ တပ်ဖွဲ့ ဝင်များသည် စက်တင်ဘာလ (၄)ရက်နေ့ ည ၉းဝဝခန့်အချိန်တွင် သက်ဆိုင်ရာ ဒေသအရံမီး သတ်တပ် ဖွဲ့ဝင်များ နှင့် ပူးပေါင်း ကာ မြိတ်မြို့တွင်းရှိ ဒုစရိုက်မှု လျော့နည်းကျဆင်းရေး၊လက်နက်ပုန်း များ နှင့်မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သယ်ဆောင်ဖြန့်ဖြူးနိုင်သည့် အဓိက အချက်အချာ အဖြစ်ယူဆနိုင်သည့်ပြည်သူများ သွားလာရာ အဓိကလမ်းဆုံ လမ်းဂွ များတွင်...

တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီမှ ကလောင်ရှင်များအား ဂုဏ်ပြုတွေ့ဆုံခြင်း

တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီမှ ကလောင်ရှင်များအား ဂုဏ်ပြုတွေ့ဆုံခြင်း တနင်္သာရီ - စက်တင်ဘာ(၄)ရက်  တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီမှ ကြီးမှူးထုတ်ဝေခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်းအမှတ်(၁/၂၀၁၅)၌ ရွေးချယ်ဖော်ပြခံရသော တနင်္သာရီမြို့နယ် ကလောင်ရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် စာရေးဆရာအသင်းဝင်များ၊ စာပေ၀ါသနာရှင်များနှင့်စာပေအဆင့်ပိုမိုမြင့်မားတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို...

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဖလား ဘော်လုံးပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဖလား ဘော်လုံးပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ*******************************တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်မြောက်၊မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား အသက်၂၅နှစ် အောက်၊ ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံဘော် လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို စက်တင်ဘာလ(၄)ရက် နေ့ညနေ၃းဝဝ အချိန်တွင်မြိတ်မြို့မ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို...

Friday, September 4, 2015

စိတ်ကြွဆေးပြားနှင့် ဘိန်းစာမှုန့်များ မြိတ်မြို့္ပ၌ ဖမ်းဆီးရမိ

စိတ်ကြွဆေးပြားနှင့် ဘိန်းစာမှုန့်များ မြိတ်မြို့္ပ၌ ဖမ်းဆီးရမိ ၂၀၁၅ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် (၁)နာရီခွဲ အချိန်၌ မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ ၊ နယ်မြေ ရဲကင်းများနှင့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အုပ်ချုပ်ရေးမှူးများ သက်သေများနှင့် အတူ မြိတ်မြို့ ကန်ခေါင်းရပ်ကွက် မြိုင်ဟေ၀န်လမ်း အမှတ် (၄၇၃) ရှိ ကျော်မြင့် (ခ) ဖိုးတွတ်နီ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချ သုံးစွဲနေကြောင်း သတင်းအရ...

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအား မြိတ်မြို့တွင် ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူးရဲများ ခန့်အပ်ကာ ဆောင်ရွက်ရန် စီမံထားရှိ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအား မြိတ်မြို့တွင် ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူးရဲများ ခန့်အပ်ကာ ဆောင်ရွက်ရန် စီမံထားရှိ ------------------------------------------------------------------------------- ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေး အတွက် မြိတ်မြို့နယ် အတွင်း ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအား မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ်...

Tuesday, September 1, 2015

တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ပြည်သူ အကျိုးပြု လုပ်ငန်းများဆောင်ရွက်

တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ပြည်သူ အကျိုးပြု လုပ်ငန်းများဆောင်ရွက် တနင်္သာရီရေတပ် စခန်း ဌာနချုပ် အမှတ် ၅၆ စစ်ရေယာဉ်စုမှ အရာရှိ စစ်သည် ၃၀ ကျော်တို့သည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၉ နှင့် ၃၀ ရက်နေ့များ၌ မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ ကမ်းကြီး ပြင်ထပ်အော် သင်္ကန်းအော် မော်တုံးကြီး သဲအော် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း ဆောင်ရွက် ခဲ့သည်။ ထိုနောက် အဆိုပါ ကျေးရွာများရှိ စာသင်ကျောင်း များမှ ဆရာ ဆရာမ များနှင့်...

သက်ဆိုင်ရာတာဝန်ရှိသူမျာအား တင်ပြအပ်ပါသည်

သက်ဆိုင်ရာတာဝန်ရှိသူမျာအား တင်ပြအပ်ပါသည်---------------------------မြိတ်မြို့ မြို့မအားကစားကွင်း၏ တောင်ဘက်ဒေါင့် ပန်းခြံ ကဇာတ်ရုံဘေး ရှိ အမိုက်ပုံမှာ အမိုက်များအား စည်းကမ်းမဲ့ စွန့်ပစ်ထားသောကြောင့် အမြင်မတော် အနံ့အသက်ပေါင်း စုံလင်စွာဖြင့် ကျောင်းသား ပြည်သူများ သွားလာနေသော လမ်း၏ တွင်ရှိပြီး ၄င်းအနံ့အသက်များအား နေ့စဉ်ရှုရှိုက် နေရပါသဖြင့် အမိုက်ပုံကြီးအား အမြန်ရှင်းလင်းပေးနိုင်ပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြိတ်ပုလဲမြေမှတဆင့် အကြံပြု တင်ပြ အပ်ပါသည်...

Friday, August 28, 2015

မြိတ်မြို့ လုံခြုံရေး အတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးစဉ် စိတ်ကြွဆေးပြားများ ဖမ်းဆီမိ

မြိတ်မြို့ လုံခြုံရေး အတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးစဉ် စိတ်ကြွဆေးပြားများ ဖမ်းဆီမိ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ည (၁၁)နာရီကျော်အချိန် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများသည် မြိတ်မြို့ပေါ် ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ လုံခြုံရေးအတွက် ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေပြီး မြို့ပေါ်၌ လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့ လေယာဉ်ကွင်းလမ်း မြိတ်လေဆိပ် VIP ၀င်ပေါက်အနီးတွင် အမျိုးသား (၅)ဦးမှာ မူးယစ်ဆေးဝါးများ ရောင်းချသုံးစွဲနေကြောင်း...

Tuesday, August 18, 2015

ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန်

သို့ ၀န်ကြီးချုပ် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထားဝယ်မြို့                     ရက်စွဲ၊ ၂၀၁၅ခုနှစ်၊ သြဂုတ်လ ၁၇    ရက် အကြောင်းအရာ။ ထိရောက်စွာအရေးယူဆောင်ရွက်ပေးရန် တင်ပြခြင်း ၁။ ကျွန်းစုမြို့နယ်၊ သန္ဒုတ်ကျေးရွာအုပ်စုအား ယခုလက်ရှိအုပ်ချုပ်နေသော အုပ်ချုပ်ရေးမှူး ဦးစိုးလွင် သည် ကျေးရွာကို စတင်၍ အုပ်ချုပ်သည့်နေ့မှစပြီး ယနေ့အချိန်ထိ ကျေးရွာသူ/ကျေးရွာသားများ အပေါ်၌ ညီတူညီမျှမှု မရှိဘဲ ခွဲခြားဖိနှိပ်မှုများပြုလုပ်ပြီး...

Sunday, August 16, 2015

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ရဟန်း၊ ရှင်လူ ပြည်သူများအတွက် မြိတ်မြို့ ပြည်သူများက လှူဒါနးသည့် သင်္ကန်းများနှင့် အလှူငွေများ၊ အ၀တ်အထည်၊ အစားအစာ၊ အသုံးအဆောင်များအား ကြည်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် ရဟန်း၊ ရှင်လူ ပြည်သူများအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်၍ မြိတ်မြို့နေ သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းခဲ့သော သင်္ကန်းများ၊ အလှူငွေများ၊ အ၀တ်အထည်၊ အစားအစာနှင့် အသုံးအဆောင်များကို ပြည်ဖြိုးထွန်းကုမ္ပဏီ သင်္ဘောဖြင့် ဧရာဝတီတိုင်းဒေသကြီးသို့  သြဂုတ်လ ၁၅ ရက်နေ့တွင် ပို့ဆောင်သွားမည်ဖြစ်ရာ အဆိုပါ အသုံးအဆောင်များအား တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုမှ...

Monday, August 10, 2015

တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ ---------------- တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဖိုင်နယ်အဆင့် လက်ဝှေ့ ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် ပိတ်ပွဲ အခမ်းအနားအား ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်းရှိ မိုးလုံလေလုံ အားကစား ရုံတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင်...

Thursday, August 6, 2015

ကျွန်းစုမြို့နယ် ထိန်ချောင်းရွာနှင့် လိပ်ကြယ်ရွာ ကျေးရွာချင်းဆက် တံတား အသစ် တည်ဆောက်

ကျွန်းစုမြို့နယ် ထိန်ချောင်းရွာနှင့် လိပ်ကြယ်ရွာ ကျေးရွာချင်းဆက် တံတား အသစ် တည်ဆောက် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ထိန်ချောင်းကျေးရွာနှင့် လိပ်ကြယ်ကျေးရွာ တို့၏ ကျေးရွာချင်းဆက် မေတ္တာ ပေါင်းကူး တံတား ပျက်စီးယိုယွင်း နေမှုအား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဦးဆောင်၍ အသစ် ပြုပြင် တည်ဆောက် ပြီးစီးခဲ့ကြောင်း သိရသည်။  ယခုအခါ တံတားအသစ် ပြီးစီးသောကြောင့် ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် အဆင်ပြေ ချောမွေ့စွာ ကူးသန်းသွားလာနိုင်သဖြင့်...

Tuesday, July 28, 2015

ကျွန်းစုမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်စေရေးနှင့် ချို့တဲ့မီးဖွားမိခင်နှင့် ကလေးငယ်များအား လှူငွေများနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ကျွန်းစုမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်စေရေးနှင့် ချို့တဲ့မီးဖွားမိခင်နှင့် ကလေးငယ်များအား လှူငွေများနှင့်ထောက်ပံ့ပစ္စည်းများပေးအပ် ကျွန်းစု ဇူလိုင် ၂၈ ရက် ကျွန်းစုမြို့နယ်အတွင်း မိုးရာသီ၌အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါအား ဖြစ်ပွားပွားမှုနှုန်း လျှော့နည်းစေရန်နှင့် ကာကွယ်စေရေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ရှိရာ ဇူလိုင်လ(၂၈)ရက်နေ့နံနက် (၇)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာ ရေးအဖွဲ့များ၊...

Monday, July 27, 2015

မြိတ်မြို၌ စိတ်ကြွဆေးပြားများ ဖမ်းဆီး

မြိတ်မြို့နယ်၌ စိတ်ကြွ မူးယစ်ဆေးပြားများအား အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက် ရှိရာ စိတ်ကြွဆေးပြား ဖမ်းဆီးနှင့် ရောင်းချသူများအား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူ =============== မြိတ်မြို့နယ် အတွင်း စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး များ ဖမ်းဆီးနှိမ်နှင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၇) ရက်နေ့အထိ တစ်ပတ်အတွင်း စိတ်ကြွဆေးပြားနှင့် မူးယစ်ဆေးဝါး ဖမ်းဆီး မှု (၄)မှု ရှိခဲ့ကြောင်း သိရသည်...

Thursday, July 23, 2015

ကျွန်းစုမြို့နယ်၌ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်ပညာသင်ကြားပေးလျက်ရှိ

ကျွန်းစုမြို့နယ်၌ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်ပညာသင်ကြားပေးလျက်ရှိ ကျွန်းစု ဇူလိုင် ၂၃ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လူဦးရေစုစုပေါင်းရာခိုင်နှုန်း၏ ထက်ဝက်ကျော်ခန့်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀မြှင့်တင် ရေးမှာ ကဏ္ဍတစ်ခုအဖြစ် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြရာ ကျွန်းစုမြို့နယ်တွင် အမျိုးသမီးများ ဘ၀မြှင့်တင်စေ ရေးအတွက် ရည်ရွယ်ကာ ကျွန်းစုမြို့နယ်အမျိုးသမီးများနှင့် ကလေးသူငယ်ဘ၀မြှင့်...

ရွးကောက်ပွဲမှာ မဲပေးဖို့ပါတီနှဲ့ ကိုယ်စားလှယ်ကို ဘယ်လို အကဲဖြတ်ကြ မလဲ

ရွးကောက်ပွဲမှာ မဲပေးဖို့ပါတီနှဲ့ ကိုယ်စားလှယ်ကို ဘယ်လို အကဲဖြတ်ကြ မလဲ-------------------------------မြန်မာပြည်၏ ပြည်သူလူထုသည် ရွေးကောက်ပွဲ အတွေ့အကြုံ အလွန်နည်း နေပါသေးတယ်။ အသက်ငါးဆယ်လောက် လူကြီးတစ်ယောက် တောင် ရွေးကောက်ပွဲ ကြုံဖူးတာ နှစ်ကြိမ် သုံးကြိမ် အပြင် မပိုလောက်သေးပါဘူး။ အခုမှ ၁၈နှစ်ပြည့်မည့် မဲဆန္ဒရှင် ကလေးများ အတွက် ပိုနည်းပြီပေါ့။ ရွေးကောက်ပွဲဝင်မည့် ပါတီတွေနှင့် ကိုယ်စားလှယ်တွေကို စိစစ်ရွေးချယ်ဖို့ ပြည်သူလူထု အပေါ်ကို အသိပညာပေး အစီအစဉ်တွေ...

Sunday, July 19, 2015

ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး ကျွန်းစု ဇူလိုင် ၁၉ ရက် ကျွန်းစုမြို့နယ်အတွင်းရှိ အများပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြိတ်မြို့ အေးရိပ် ချောင်းဆရာတော်ဦးစီး၍ ကျွန်းစုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ ရန်အောင်ကျောင်းတိုက် ဆရာတော်၏ မေတ္တာ တို့ပေါင်းစုကာ အခမဲ့ဆေးကုသမှုလုပ်ငန်းများကို ဇူလိုင်လ(၁၉)ရက် နံနက်(၉)နာရီအချိန်မှစတင်ကာ ညနေ(၄) နာရီအချိန်ခန့်အထိ မရမ်းချောင်းကျေးရွာ၊...

ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဆေးမှူး ဗိုလ်မှူး ခွန်ညီညီ ဦးစီး ဆေးအဖွဲ့ စစ်သည် (၃) ဦးနှင့် ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန့်ဇော်မောင် ဦးစီး သူနာပြုများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၁၅ ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်း၌ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မရွှေဥ ကျေးရွာ သို့ သွားရောက်၍ ဒေသခံ ပြည်သူ လူထုများအား ကျန်းမာရေး စစ်ဆေးခြင်းနှင့်...

ကြိမ်သီး ရောင်းသူ/ ၀ယ်သူများ အထူး အရောင်းအ၀ယ် ဖြစ်ထွန်းလျက် ရှိရာမှ အခက်အခဲ တွေ့ရှိနေရ

ကြိမ်သီး ရောင်းသူ/ ၀ယ်သူများ အထူး အရောင်းအ၀ယ် ဖြစ်ထွန်းလျက် ရှိရာမှ အခက်အခဲ တွေ့ရှိနေရ ဖန်စီလုပ်ငန်းများ အတွက် အထူး အသုံးဝင်သည့် ကြိမ်သီးများကို ရောင်းသူ/၀ယ်သူများနှင့် တစ်ဆင့် ခံ ရောင်းသူ/ ၀ယ်သူများ အဆင်ပြေလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း၌ ကြိမ်သီး အရွယ်အစားအလိုက် ၀ယ်/ရောင်း ပြုလုပ်သူများထံမှ ဇူလိုင်လဆန်းရက်များက ဒေသခံများပြောပြချက် အရ သိရသည်။ ...