Sunday, July 19, 2015

ကြိမ်သီး ရောင်းသူ/ ၀ယ်သူများ အထူး အရောင်းအ၀ယ် ဖြစ်ထွန်းလျက် ရှိရာမှ အခက်အခဲ တွေ့ရှိနေရ



ကြိမ်သီး ရောင်းသူ/ ၀ယ်သူများ အထူး အရောင်းအ၀ယ် ဖြစ်ထွန်းလျက် ရှိရာမှ
အခက်အခဲ တွေ့ရှိနေရ

ဖန်စီလုပ်ငန်းများ အတွက် အထူး အသုံးဝင်သည့် ကြိမ်သီးများကို ရောင်းသူ/၀ယ်သူများနှင့် တစ်ဆင့် ခံ ရောင်းသူ/ ၀ယ်သူများ အဆင်ပြေလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း၌ ကြိမ်သီး အရွယ်အစားအလိုက် ၀ယ်/ရောင်း ပြုလုပ်သူများထံမှ ဇူလိုင်လဆန်းရက်များက ဒေသခံများပြောပြချက် အရ သိရသည်။



အဆိုပါ ကြိမ်သီးများကို စူပါတန်း ခေါ် ကြိမ်သီး အရွယ်အစားမှာ (၁၇)ဂွင်းဂွ/ ဂွခြမ်း အရွယ်ကို လည်းကောင်း၊ (၁၇) ဂွအောက်ဘက်ခြမ်းကို ဒုတိယတန်း အဆင့်ဖြစ်လည်းကောင်း၊ အသေးစား ဟူ၍ ခွဲခြားလျက် တစ်​ပိဿာလျှင်​(၁၁၀၀၀ ကျပ်​/ ၆၅၀၀ကျပ်​/ ၄၅၀၀ကျပ်​)​ ဈေးနှုန်း သတ်မှတ်ကာ ရောင်းသူ/ ၀ယ်သူများ နှစ်ဦး နှစ်ဘက် ဈေးညှိနှိုင်းပြီး အရောင်းအ၀ယ် ဖြစ်ထွန်းလျက် ရှိကြသည်။

သို့သော် လက်ရှိ အခြေအနေတွင် ၀ယ်ယူသူကများပြီး ဈေးပြိုင်ပေး စံနစ်အမျိုးမျိုးဖြင့် ၀ယ်ယူလာသူက ပိုမို များလာသဖြင့်  တစ်ဆင့်ခံ ၀ယ်ယူသူများ သော်လည်းကောင်း/ ကိုယ်တိုင် ထုတ်လုပ်သူများက လည်းကောင်း  ကြိမ်သီးများ ၀ယ်ယူမှု ဈေးနှုန်း အဆမတန် ကျဆင်းလာပါသဖြင့်  ကိုယ်တိုင် ထုတ်လုပ်ရောင်းဝယ်သူများ၊ တစ်ဆင့်ခံ ရောင်းဝယ်သူများ အရှုံပေါ်၍ အခက်ကြုံတွေ့လျက် ရှိကြောင်း သိရှိရသည်။
                                                                  

0 comments: