Thursday, July 23, 2015

ကျွန်းစုမြို့နယ်၌ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်ပညာသင်ကြားပေးလျက်ရှိ

ကျွန်းစုမြို့နယ်၌ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်ပညာသင်ကြားပေးလျက်ရှိ
ကျွန်းစု ဇူလိုင် ၂၃ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လူဦးရေစုစုပေါင်းရာခိုင်နှုန်း၏ ထက်ဝက်ကျော်ခန့်မှာ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀မြှင့်တင် ရေးမှာ ကဏ္ဍတစ်ခုအဖြစ် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြရာ ကျွန်းစုမြို့နယ်တွင် အမျိုးသမီးများ ဘ၀မြှင့်တင်စေ ရေးအတွက် ရည်ရွယ်ကာ ကျွန်းစုမြို့နယ်အမျိုးသမီးများနှင့် ကလေးသူငယ်ဘ၀မြှင့် တင်ရေးအသင်းက အခြေခံ စက်ချုပ်ပညာသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ ဧည့်ရိပ်သာအဆောင်တွင် ဇွန်လ(၂၀) ရက်နေ့ မှစတင်ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။


အဆိုပါသင်တန်းကို မြို့နယ်အမျိုးသမီးများနှင့် ကလေးသူငယ် ဘ၀မြှင့်တင်ရေး အသင်း အဖွဲ့ဝင်များ က ဇူလိုင်လ(၂၃)ရက် နံနက်(၁၀း၃၀)အချိန်က သင်တန်းသားများ၏ သင်ယူနေမှုများ၊ စားဝတ်နေရေး အခြေအနေများ၊ လက်တွေ့ချုပ်လုပ်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ သင်တန်းတွင် ကျွန်းစုမြို့နယ် အတွင်း ရှိ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အမျိုးသမီးများတက်ရောက်ကြရာ သင်တန်းသား(၃၅)ဦးရှိပြီး သင်တန်းနည်းပြကို မြို့ပေါ်ရှိစက်ချုပ်ပညာကျွမ်းကျင်သူ(၂)ဦးတို့ဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရ သည်။

0 comments: