Tuesday, July 28, 2015

ကျွန်းစုမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်စေရေးနှင့် ချို့တဲ့မီးဖွားမိခင်နှင့် ကလေးငယ်များအား လှူငွေများနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ကျွန်းစုမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်စေရေးနှင့် ချို့တဲ့မီးဖွားမိခင်နှင့် ကလေးငယ်များအား လှူငွေများနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

ကျွန်းစု ဇူလိုင် ၂၈ ရက်

ကျွန်းစုမြို့နယ်အတွင်း မိုးရာသီ၌အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါအား ဖြစ်ပွားပွားမှုနှုန်း လျှော့နည်းစေရန်နှင့် ကာကွယ်စေရေးလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ရှိရာ ဇူလိုင်လ(၂၈)ရက်နေ့နံနက် (၇)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ကျန်းမာ ရေးအဖွဲ့များ၊ မြို့နယ်အမျိုးရေးအဖွဲ့များနှင့် မိခင်နှင့်ခလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့ ပူးပေါင်းကာ ဖုံး၊သွန်၊ လှဲ၊စစ် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။




အဆိုပါဆောင်ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်မောင်နှင့် ကျန်းမာရေးဝန်ထမ်းများလိုက်ပါလျက် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ရီရီမော်နှင့်အဖွဲ့ဝင်များ ပူးပေါင်းကာအပတ်စဉ် ရပ်ကွက်အသီးသီး နှင့်ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများကအလှည့်ကျ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ၊ ပိုးလောက်လန်း သေ(ABATE)ဆေးများထည့်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြသည်။

 ထိုနောက် မြို့နယ်အမျိုး သမီးရေးရာ၊ မိခင်နှင့်ခလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်ရီရီမော်နှင့်အဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းရှိ ချို့တဲ့သော မီးဖွားမိခင်နှင့်ကလေးငယ်များကို အိမ်တိုင်ရာရောက် အလှူငွေများ၊ ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။

ရန်နိုင် (ကျွန်းစု ပြန်/ဆက်)

0 comments: