Sunday, July 19, 2015

ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
ကျွန်းစု ဇူလိုင် ၁၉ ရက်

ကျွန်းစုမြို့နယ်အတွင်းရှိ အများပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြိတ်မြို့ အေးရိပ် ချောင်းဆရာတော်ဦးစီး၍ ကျွန်းစုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ ရန်အောင်ကျောင်းတိုက် ဆရာတော်၏ မေတ္တာ တို့ပေါင်းစုကာ အခမဲ့ဆေးကုသမှုလုပ်ငန်းများကို ဇူလိုင်လ(၁၉)ရက် နံနက်(၉)နာရီအချိန်မှစတင်ကာ ညနေ(၄) နာရီအချိန်ခန့်အထိ မရမ်းချောင်းကျေးရွာ၊ ရန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်းသိရသည်။







အဆိုပါဆောင်ရွက်ရာတွင် မြိတ်မြို့အေးရိပ်ချောင်းဆရာတော် ဦးကောဝိဒ ဦးစီးသော အဖြူရောင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ မြိတ်မြို့ အထွေထွေရောဂါကုသမားတော်ကြီးများ၊ သွားကျန်းမာရေးဆိုင်ရာ သွားရောဂါကုဆရာဝန်ကြီးများတို့က ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ကုသမှုများကို စမ်းသပ်၍ လိုအပ်သောဆေးဝါးများနှင့် ထောက်ပံ့ပစ္စည်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိ ရသည်။
 - ရန်နိုင် (ကျွန်းစု ပြန်/ဆက်)

0 comments: