Sunday, March 22, 2015

တရားမ၀င် သစ်ခိုးထုတ်လှေအား တပ်မတော်(ရေ)မှ ဖမ်းဆီး

တရားမ၀င် သစ်ခိုးထုတ်လှေအား တပ်မတော်(ရေ)မှ ဖမ်းဆီး

တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ စစ်ရေယာဉ် (၅၆၆)သည် မြန်မာ့ ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် ၊ မတ်လ ၁၇ ရက်နေ့ နေ့လည် (၁)နာရီကျော် အချိန်၌ အနောက်စူလာကျွန်း၏ အနောက်ဘက် ၁၁၅ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးအား တွေ့ရှိရသဖြင့် အချက်ပြ ခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ ခုတ်မောင်း ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ညနေ (၃)နာရီခွဲ အချိန်ခန့်၌ အောင်ရမည်(၁) အမည်ရှိ တရားမ၀င် သစ်ခိုးလှေ ( အလျာ- ၇၈ပေ၊ အနံ (၂၀)ပေ၊ ရေစူး (၁၀)ပေ၊ သစ်သားကိုယ်ထည် ၊ စက်မကြီး HINO EK - 100 ၆လုံးထိုး ၊ HP - 350 ) (၁)စီးအား သစ်မာ ဆိုက်စုံ (၃၅) တန်ခန့် (ပိတောက်သားဟု ယူဆရ ) နှင့် မြန်မာလှေသား (၁၂) ဦးနှင့် အတူ ဖမ်းဆီး ရမိကြောင်း သိရသည်။


ဖမ်းဆီးရမိသော သစ်ခိုးထုတ်လှေ
သစ်ခိုးထုတ်လှေပေါ်တွင် လိုက်ပါလာသည့် လှေသားများ
စစ်ဆေးချက်များအရ ယင်းလှေမှာ ကျိုက္ခမီ ပင်လယ် ကမ်းခြေတွင် သစ်များအား လှေငယ်များမှ လာရောက် တင်ဆောင်ပေးပြီး မတ်လ (၁၅) ရက်နေ့ နေ့လည်ပိုင်းတွင် မလေးရှားနိုင်ငံ ပီနန်မြို့သို့ သစ်များ သွားရောက်ရောင်းချရန် ထွက်ခွာလာစဉ် တပ်မတော် (ရေ) စစ်ရေယာဉ်မှ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီး ရမိသော စက်လှေသား (၁၂) ဦးနှင့် စက်လှေ အပါအ၀င် သက်သေခံ ပစ္စည်းများအား မြိတ်မြို့မ ရဲစခန်းသို့ လွဲအပ်ပေးပို့ထားပြီး ပိုင်ရှင် အပါအ၀င် ၊ စက်လှေသားများအား တရားစွဲ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

0 comments: