Tuesday, March 17, 2015

မြိတ်မြို့၌ တာဝါတိုင် တည်ဆောက် မြေအောက် ဖိုင်ဘာကြိုးများ တပ်ဆင်

မြိတ်မြို့၌ တာဝါတိုင် တည်ဆောက် မြေအောက် ဖိုင်ဘာကြိုးများ တပ်ဆင်
မြိတ်    မတ်    ၁၅

တနင်္သာရီတိုင်း ဒေသကြီး အတွင်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် မြန်မာ့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ခြင်းနှင့် မြေအောက် ဖိုင်ဘာကြိုးများ မြေမြှုပ် တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။



မြိတ်ခရိုင် အတွင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ ပိုမို အဆင်ပြေစေရန် အတွက် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ခြင်း လုပ်ငန်းများကို တယ်လီနော(မြန်မာ) ကုမ္ပဏီမှ လုပ်ငန်းခွဲ ၃ဝ ကို မြိတ်မြို့နယ် ပုလော မြို့နယ်နှင့် ပလောက်မြို့နယ်ခွဲ တို့တွင် ဆောင်ရွက်လျက် ရှိပြီး အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီကလည်း ဖေဖော်ဝါရီလမှ စ၍ ဆက်သွယ်ရေး တာဝါတိုင်များ စတင် တည်ဆောက်လျက် ရှိပြီး မြေအောက်ဖိုင်ဘာကြိုး တပ်ဆင်ခြင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြိတ်မြို့နယ် အတွင်း ယခုလမှ စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ယခင် ရှိပြီးသား ဆက်သွယ်ရေးလိုင်းက ဖုန်းသုံးစွဲသူ များပြားလာတာကြောင့် ဖုန်း ဆက်သွယ် ပြောဆို ရာမှာ လုံလောက်မှု မရှိတော့တဲ့ အတွက် အသစ် ထပ်မံ၍ ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီများနှင့် အတူ တာဝါတိုင် တည်ဆောက်ပြီး မြေအောက် ဖိုင်ဘာကြိုး မြေမြှုပ်တပ်ဆင်ခြင်း လုပ်ငန်းများကို မြန်မာ့ ဆက်သွယ်ရေးက လုပ်ပေးနေပါတယ်'' ဟု မြေအောက် ဖိုင်ဘာကြိုး တပ်ဆင်နေသူ အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

မြ၀တီ

0 comments: