Tuesday, March 24, 2015

မြိတ်မြို့ သဘွတ်ကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော် အန္တိမ အဂ္ဂိဈာပန ပူဇော်ပွဲ ကျင်းပမည်

မြိတ်မြို့ သဘွတ်ကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော် အန္တိမ အဂ္ဂိဈာပန
ပူဇော်ပွဲ ကျင်းပမည်
-----------------------------
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့ ၀တ်တိုက် မိသားစု ပ၀ါရဏဂိုဏ်း၊ ရွှေကျောင်း မိသားစု ပ၀ါရဏဂိုဏ်း တို့၏ သြ၀ါဒ စရိယ - သဘွတ်ကျောင်းကြီးတိုက် သဘွတ်ကျောင်းကြီးတိုက် ပဓာန နာယက ဆရာတော် သက်တော် (၉၂) ၊ သိက္ခာတော် (၇၃) ၀ါ ရှိတော်မူသော ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စ၏ ကျန်ရစ်သော ဥတုဇ ရုပ်ကလပ်တော်အား တပည့်တကာ၊ တကာမ များက တပေါင်းလဆန်း (၁၄)ရက်နေ့မှ စတင်၍ စံကျောင်းချ ပူဇော်ခံ ခဲ့ပြီး ဖြစ်ပါသည်။




 လာမည့် တန်ခူးလဆန်း (၆)ရက်နေ့ (၂၆-၃-၂၀၁၅) ရက်နေ့ (မနက်ဖြန်)တွင် ဆရာတော် ဘုရားကြီး၏ ကျန်ရစ်သော ဥတုဇ ရုပ်ကလပ်တော်အား သဘွတ်ကျေးရွာအုပ်စု သိမ်တော်ကြီး ကုန်းပေါ်တွင် အန္တိမ အဂ္ဂိဈာပန သာဓုကိဠန သဘင် ဆင်ယင် ကျင်းပမည် ဖြစ်ပါ၍ ရပ်ဝေး ရပ်နီးမှ တပည့် တကာ တကာမ အပေါင်းနှင့် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့က ကြွရောက် ပူဇော်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

0 comments: