Thursday, March 12, 2015

မြိတ်မြို့၌ ပေါ့ဆမီးလောင်၊ နေအိမ် (၁၂)လုံး ဆုံးရှုံး

မြိတ်မြို့၌ ပေါ့ဆမီးလောင်၊ နေအိမ် (၁၂)လုံး ဆုံးရှုံး

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ်ကွက် သံသရာအေး ဘုန်းတော်ကြီး ပညာရေး ကျောင်းလမ်းရှိ ပညာရေးကျောင်းနောက် လူနေရပ်ကွက် နေအိမ်တွင် ပေါ့ဆမီးမှ တဆင့် မီးလောင်ကျွမ်းမှု ၂၀၁၄ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ မွန်းတည့် (၁၂)နာရီအချိန် ဖြစ်ပွားခဲ့သည်။



မီးလောင်ကျွမ်းမှုကြောင့် နေအိမ် (၁၂)လုံး ဆုံးရှုံးခဲ့ပြီး နေအိမ်အများစုမှ အင်္ဂတေ တစ်ပိုင်း၊ ပျဉ်ထောင် သွပ်မိုး တစ်ပိုင်း နေအိမ်များ ဖြစ်ကာ တဲအိမ် (၃)လုံး ပါဝင်ခဲ့သည်။

မီးလောင်ကျွမ်းရာသို့ မြိတ်မြို့ရှိ မြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ကိုယ့်အားကိုယ်ကိုး မီးသတ်ရေယာဉ် (၁၉)စီး၊ မြိတ်လေတပ်စခန်း ဌာနချုပ်မှ မီးသတ်ရေယာဉ် (၂)စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများ ၊ ပြည်သူလူထုများ ၀ိုင်းဝန်း ငြိမ်းသတ်မှုကြောင့် (၁၂၂၀) နာရီအချိန်တွင် မီးငြိမ်းသွားခဲ့သည်။



0 comments: