Tuesday, March 24, 2015

အမြန်ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု အန္တရာယ်ရှိ

 အမြန်ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု အန္တရာယ်ရှိ

တနင်္သာရီတိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက်ရှိသည့် မြိတ်-ထားဝယ်-ကော့သောင်း ခရီးသည်တင် အမြန်ရေယာဉ်များတွင် စီးနင်းသူ များပြားလာခြင်းနှင့် အတူ ရေယာဉ် ခေါင်မိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲမှု သည် အန္တရာယ် ရှိကြောင်း မြိတ်ဒေသခံ ခရီးသွား တစ်ဦးက ပြောသည်။


ပင်လယ်ပြင်အတွင်း  ပြေးဆွဲနေသော အမြန်ရေယာဉ်များသည် တခြား သင်္ဘောကြီးများ ကဲ့သို့ ရေစူးမနက်ဘဲ ရေစူးတိမ်သဖြင့် သင်္ဘောခေါင်မိုးပေါ်သို့ ခရီးသည်များ တက်ရောက် စီးနင်းသည့် အခါ ရေယာဉ် မောင်းနှင်စဉ် လမ်းခရီးတွင် အန္တရာယ် ဖြစ်စေနိုင်သောကြောင့် သင်္ဘော အတွင်းခန်း အတွင်းသို့ ဝင်ရောက် စီးနင်းရန် ပြောကြား သော်လည်း လိုက်နာမှု မရှိဘဲ သင်္ဘော ခေါင်မိုးပေါ်သို့  တက်ရောက် စီးနင်းနေသည်ဟု အမြန်ရေယာဉ်မှ ဝန်ထမ်းတစ်ဦးက ပြောကြား သည်။

ထို့ပြင် သက်ဆိုင်ရာမှ ခရီးသည်တင် အမြန်ရေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်ရေး အတွက်   မိုးလေဝသ အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ ကြေညာပေးသည့် အပြင်   ခရီးစဉ်အလိုက်၊ သင်္ဘော အရွယ်အစား အလိုက်၊  ခရီးသည် အရေအတွက်နှင့် ကုန်တန်ချိန် များကို  သတ်မှတ် ပေးထားကြောင်း သိရသည်။

0 comments: