Tuesday, March 17, 2015

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းမိ

တရားမ၀င် ငါးဗုံးခွဲလှေ တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းမိ

တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီးနိုင်ဦး ဦးစီး ကမ်းတက် ရေယာဉ် (၄၂၅)သည် ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လန်းပိကျွန်း အနီးရှိ ရေပြင်တွင် ကင်းလှည့် လုံခြုံရေး ဆောင်ရွက်နေစဉ် ၂၀၁၅ ခုနှစ် မတ်လ ၁၄ ရက်နေ့ ည (၈)နာရီ ကျော် အချိန်ခန့်၌ မသင်္ကာဖွယ်ရာ စက်လှေ တစ်စီးအား တွေ့ရှိသဖြင့် အနီးသို့ ချဉ်းကပ်ပြီး မီးအချက်ပြ ခေါ်ယူရာတွင် လာရောက်ခြင်း မရှိပဲ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရှာ၎င်းစက်လှေမှာ ကျောက်ဖြူအော်ကျွန်း ကမ်းခြေသို့ ကမ်းထိုးပြီး လှေသားများမှာ ကျွန်းပေါ်သို့ တက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် အလျား (၅၃ ပေ ၄ လက်မ ၊ အနံ ၈ ပေ ၊ ရေစူး ၃ ပေ ၅ လက်မခန့်) သစ်သား ကိုယ်ထည် လှေနှင့် YANMAR HP - 22 ခန့် ပဲ့ချိတ်စက် တစ်လုံး၊ JIANDONG HP -22 ၀ဲ ဘေးချိတ်စက် တစ်လုံး၊ YANMAR HP - 25 ခန့် ယာ ပဲ့ချိတ် စက်တစ်လုံး စုစုပေါင်း စက်သုံးလုံးပါ လှေတစ်စီးအား တရားခံမဲ့ ဖမ်းဆီးရမိသည်။

ဖမ်းဆီးရမိသော ငါးဗုံးခွဲလှေ

ငါးဗုံးခွဲရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများ

ငါးဗုံးခွဲရာတွင် အသုံးပြုသော ဓာတ်မြေသြဇာနှင့် ယမ်းပျော့များ

ငါးဗုံးခွဲလှေ ဖမ်းဆီးရမိမှုတွင် ယမ်းဖောက်ခွဲရာတွင် အသုံးပြုမည့် ဓာတ်မြေသြဇာ (၃၅) ကီလိုဂရမ်ခန့်၊ အသင့်ခွဲ ယမ်းပုလင်း (၂)ပုလင်း၊ ယမ်းပျော့ (၂)တောင့် ၊ စနက်တံ (၁၃)ခု၊ ဗုံးခွဲ ဖမ်းဆီးထားသည့် ငါးမျိုးစုံ (၄၅၀) ကီလိုဂရမ်ခန့်၊ ရေခဲ (၈၀၀)ပေါင်ခန့် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

 အဆိုပါ ဖမ်းဆီးရမိ ငါးဗုံးခွဲလှေအား ငါးလုပ်ငန်း ဦးစီးဌာနမှသို့ လွဲပြောင်းထားပြီး မြိတ်မြို့ မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

ငါးဗုံးခွဲခြင်းမှာ အမိုးနီးယန်း နိုက်ထရိတ် မြေသြဇာကို ဒီဇယ်နှင့် ရောနယ်၍ စဉ့်အိုးငယ် (သို့မဟုတ်) ပလက်စတစ်ပုံလွတ်(သို့) ပုလင်းထဲ ဖိသိပ်ထည့်ကာ အပေါ်မှ ယမ်းပျော့နှင့် အုပ်ပြီး စနက်တံ စိုက်ကာ မီးရှို့၍ ပင်လယ်ထဲ ပစ်ချ ငါဖမ်းခြင်းကို ဗုံးခွဲငါးဖမ်းခြင်းဟု ခေါ်ကြသည်။ ငါးအုပ်များ စုဝေး အစာရှာနေသော သန္တာကျာက်တန်းနှင့် ရေအောက်ကျောက်ဆောင်များ အပေါ် တိုက်ရိုက် ပစ်ချဖေါက်ခွဲကာ ငါးဖမ်းသောနည်း ဖြစ်သောကြောင့် သန္တာတောများကို တိုက်ရိုက် ပျက်စီးစေသည်။ ထို့အပြင် ဒီဇယ်နှင့် ဓါတ်မြေသြဇာ ဓါတ်ပြုရာမှ ထွက်လာသော နိုက်ထရိက်ကလည်း အဆိပ်ဖြစ်ကာ သန္တာကောင်များကို သေဆုံးချိနဲ့ ရောဂါရစေသည်။ မြိတ်ကျွန်းစုအတွင်းရှိ သန္တာကျောက်တန်းများ ပျက်စီးရခြင်း၏ အဓိကလက်သည်မှာ အလွန်ဆိုးဝါးသော ဤနည်းဖြင့် ငါးဖမ်းခြင်းကြောင့်ဖြစ်ပြီး ယခုတိုင် အသုံးပြုကာ ငါးဖမ်းနေကြဆဲ ဖြစ်ကြောင်း သိရသည်။

ငါးဗုံးခွဲ၍ ဖမ်းဆီးထားသော ငါးများ

0 comments: