Sunday, March 22, 2015

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၈၀၀)ပြား ဖမ်းဆီးရမိ

 မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၃၈၀၀)ပြား ဖမ်းဆီးရမိ
------------------------------------------------------------
၂၀၁၅ ခုနှစ် မတ်လ (၂၀) ရက်နေ့ ည (၉း၅၀) အချိန် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရကျောင်းရပ်၊ အဝေးပြေး ကားဝင်း အတွင်း မူးယစ်ဆေးဝါး သတင်းအရ ယာဉ်အမှတ် (၈ည/----)၊ "မြရတနာ" ထားဝယ်- မြိတ် မှန်လုံကားဖြင့် လိုက်ပါလာ ခဲ့သည့် ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းနိုင်နှင့် အဖွဲ့၊ မြိတ်မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးနှင့် အဖွဲ့၊ အမှတ် (၁)နယ်မြေ ရဲကင်းမှူး ဒုရဲအုပ် ရဲထွဋ်ကိုနှင့် အဖွဲ့တို့သည် သက်သေများ နှင့်အတူ စောင့်ဆိုင်းနေစဉ် ယာဉ်ပေါ်တွင် ပါလာသော မူးယစ်ဆေးဝါးများ ထည့်သွင်း ထားသည့် ဆန်အိတ်များ လာရောက် သယ်ယူသူ (၂)ဦးအား ဖမ်းဆီးရမိသည်။


စစ်ဆေးချက် များအရ မူးယစ်ဆေးဝါးများ လာရောက် သယ်ဆောင်သူများမှ မြိတ်မြို့၊ ကျွဲကူးကျေး ရွာ၊ မြကန်သာလမ်း၊ အမှတ် (၂၇)နေ ကျော်ဇေယျ (ခ) ညီ (၂၈)နှစ် (ဘ)ဦးသိန်းထွန်း ၊ ၆/ပလန(နိုင်) ၀၉၁၄၃၄ နှင့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အောင်မင်္ဂလာ ရပ်ကွက်၊ ရွှေပြည်တန် လမ်းနေ စိုင်းလင်းဦး (၂၄)နှစ် (ဘ) ဦးတင်မောင်ဝင်း၊ ၆/ကစန(နိုင်) ၀၇၁၉၀၄ ဖြစ်ပြီး ဆက်လက်၍ ဆန်အိတ်အား သက်သေများ နှင့်အတူ ဖွင့်ဖောက် စစ်ဆေးရာ ဆန်များနှင့် ရောလျှက် အ၀ါရောင် ပလတ်စတစ် တိတ်ထုပ် အတွင်းအပြာရောင် ပလတ်စတစ် ကပ်ခွာ အိတ်ဖြင့် ထည့်လျှက် စိတ်ကြွဆေးပြားဟု ယူဆရသော WY စာတန်းပါ အစိမ်းရောင် ဆေးပြား (၂)ပြား၊ ပန်းရောင်ဆေးပြား (၁၉၈)ပြား၊ ပေါင်း (၂၀၀)ပြားစီ ပါရှိသော အပြာရောင်ကပ်ခွာအိတ် (၆၉)အိတ်၊ စုစုပေါင်း WY စိတ်ကြွဆေးပြား (၁၃၈၀၀)ပြား၊ တန်ဖိုးငွေအားဖြင့် WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ကီလို ဂရမ်လျှင် သိန်း (၅၀၀)ကျပ်၊ စုစုပေါင်း WY စိတ်ကြွဆေးပြား (၁၃၈၀၀)ပြား၊ အလေးချိန် (၁ ဒဿမ ၃၈) ကီလိုဂရမ်လျှင် တန်ဖိုးငွေ ကျပ် (၆၉၀)သိန်း အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထိုသို့ စိတ်ပြားဆေးပြားများ လက်ဝယ်တွေ့ရှိသူ တရားခံ ကျော်ဇေယျ (ခ) ညီ နှင့် စိုင်းလင်းဦး တို့အား မြိတ်မြို့မရဲစခန်းမှ မယ (ပ) ၂၀/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိသည်။

0 comments: