Friday, March 27, 2015

ကျွန်းစုမြို့နယ် မောင်းလှော်တိုက်နယ် ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျွန်းစုမြို့နယ် မောင်းလှော်တိုက်နယ် ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မောင်းလှော်တိုက်နယ် ကျေးရွာပေါင်းစုံ ချစ်ကြည်ရေး  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကို ၂၀၁၅ ခုနှစ် ၊ မတ်လ (၂၆) ရက်နေ့ ညနေ (၃)နာရီ အချိန် မောင်းလှော် ကျေးရွာ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းများ၊ အားကစား ၀ါသနာရှင်များ တက်ရောက်ခဲ့သည်။




 ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ၀န်ကြီး ဦးသိန်းလွင်နှင့် အားကစား သမားများက နိုင်ငံတော် အလံအား အလေးပြုပြီးနှင့် ၀န်ကြီးမှ ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ပြီးနောက် တိုင်းဒေသကြီး ၀န်ကြီးနှင့် တာဝန်ရှိသူများက အားကစားသမားများအား တစ်ဦးချင်း ရင်းနှီးစွာ လိုက်လံ နုတ်ဆက် အားပေးစကား ပြောကြားပြီး ဖွင့်ပွဲ အခမ်းအနား ပြီးမြောက်ခဲ့သည်။

ထိုနောက် ဘောလုံးပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ရာ မောင်းလှော်တောင်ပေါ်(ခ) အသင်းနှင့် ပဲယာ ကျေးရွာ အသင်းတို့ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။  အဆိုပါ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းပေါင်း (၂၁)သင်း ပါဝင် ယှဉ်ပြိုင်ပြီး အုပ်စု (၅)စု ခွဲ၍ (၂၆-၃-၂၀၁၅) ရက်နေ့မှ (၃-၄-၂၀၁၅) ရက်နေ့အထိ ပြိုင်ပွဲ ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: