Wednesday, March 18, 2015

တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် ကျောင်းသား/သူများ အသုံးပြုရန်အတွက် ရေများ လှူဒါန်း

တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် ကျောင်းသား/သူများ အသုံးပြုရန်အတွက်
ရေများ လှူဒါန်း
------------------------------------------------------
မြိတ်ခရိုင် ကျွန်းစုမြို့နယ် အထက စာစစ်ဌာနတွင် ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း
စာမေးပွဲ ဖြေဆိုရန်အတွက် ကျွန်းစုမြို့နယ် ထွေ/အုပ် ဦးစီးဌာန မြကျွန်းညို ရိပ်သာတွင်
ရောက်ရှိ တည်းခိုလျက်ရှိသော မောင်းလှော်ကျေးရွာနှင့် ပန်းဇင် ကျေးရွာမှ ကျောင်းသား / ကျောင်းသူများနှင့် ဆရာ/ ဆရာမများနှင့် စခန်းသစ် ကျေးရွာပိုင် အမှတ် (၃) ရပ်ကွက်ရှိ အိမ်အမှတ် (၃/၅၆) တွင် တည်းခိုလျက် ရှိသော တောပြားကြီး ကျေး၇ွာအုပ်စု အထက(ခွဲ) တောပြားကြီးမှ ကျောင်းသူ ကျောင်းသားများနှင့် မိဘ ဆရာများ အသုံးပြုရန် အတွက်
တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ ဌာနချုပ်ပိုင် ရေသယ်ယာဉ်ဖြင့် ၂၀၁၅ မတ်လ (၁၂) ရက်နေ့ တွင် တစ်ကြိမ်၊ မတ်လ (၁၅) ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ (၁၆) ရက်နေ့တွင် တစ်ကြိမ် ၊ စုစုပေါင်း (၃) ကြိမ် ၊ ရေဂါလန် ၃၆၀၀ အား ပေးဝေ လှူဒါန်း ခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments: