Tuesday, March 17, 2015

အားကစားနှင့် ကာယပညာသိပ္ပံ သင်တန်းသားများ ဒုတိယအကြိမ် ရွေးချယ်မည်

အားကစားနှင့် ကာယပညာသိပ္ပံ သင်တန်းသားများ ဒုတိယအကြိမ် ရွေးချယ်မည်

မြိတ်  မတ်   ၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနက ခရိုင် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်သော အားကစားနည်း အလိုက် စိစစ်၍ ရွေးချယ်မှုများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဒုတိယ အကြိမ် ရွေးချယ်ခံမည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ယခုနှစ် သတ္တမတန်း၊ အဋ္ဌမတန်းနှင့် နဝမတန်း စာမေးပွဲများ ဖြေဆိုထားသူ အမျိုးသမီး အရပ် ၅ ပေ ၂ လက်မနှင့် အမျိုးသား အရပ် ၅ ပေ ၄ လက်မ ရှိရမည်ဖြစ်ပြီး ဝူရှူးနှင့် ကျွမ်းဘားအားကစား သင်တန်း တက်ရောက် လိုသူများ အနေဖြင့် အနိမ့်ဆုံး ဆဋ္ဌမတန်း ဖြေဆိုထားသူ ဖြစ်ရမည် ဖြစ်ကာ မြိတ်ခရိုင်/ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနများသို့ လာရောက် စာရင်း ပေးသွင်း အရွေးချယ် ခံနိုင်ကြောင်း သိရသည်။


အဆိုပါ သင်တန်းတက်ရောက်ရန် စာရင်း ပေးသွင်းထားသော အခြေခံ ပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄ ဦးရှိပြီး မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ မြို့မ အားကစားကွင်း၌ မတ် ၁၈ ရက်တွင် မြိတ်ခရိုင်/ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူတို့က အားကစားနည်း အလိုက် စိစစ် ရွေးချယ်ကာ ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားနှင့် ကာယ ပညာ ဦးစီးဌာနတွင် နောက်ဆုံး ရွေးချယ်နိုင်ရန် အတွက် မေလအတွင်း သွားရောက် ရွေးချယ်ခံရမည် ဖြစ်၍ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments: