Tuesday, March 3, 2015

ထိုင်းဘုရင့်ရေတပ် စစ်သင်္ဘော တစ်စီး ချစ်ကြည်ရေး ခရီးစဉ် အဖြစ် မြိတ်မြို့သို့ ရောက်ရှိ



ထိုင်းဘုရင့်ရေတပ် စစ်သင်္ဘော တစ်စီး ချစ်ကြည်ရေး ခရီးစဉ် အဖြစ်  မြိတ်မြို့သို့ ရောက်ရှိ 

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်  HTMS SAIBURI အမည်ရှိ  စစ်ရေယာဉ် (FF 458 ) သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံ Pang-Nga ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မြိတ်မြို့သို့  ၂၀၁၅ခုနှစ် ၊ မတ်လ (၃) ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာရာ  တနင်္သာရီ  ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။





အဆိုပါ စစ်ရေယာဉ်တွင် ထိုင်းဘုရင့် ရေတပ်မှ Commander ဖြစ်သူ  Radm.SOMCHAI NABANGCHANG ဦးစီး၍ အရာရှိ စစ်သည် ၂၂၁ ဦး လိုက်ပါလာပြီး ၄င်းတို့သည် မြိတ်မြို့မှ တဆင့် ရန်ကုန်မြို့သို့ သွားရောက်ကာ မြန်မာနိုင်ငံတွင် မတ်လ ၉ ရက်နေ့ အထိ လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ 

 
စစ်ရေယာဉ်  HTMS SAIBURI မှ အရာရှိ စစ်သည်များသည် နေ့လည်ပိုင်း၌ မြိတ်မြို့ရှိ မဟာသိဒ္ဓိဇယ စေတီတော်၊ လေးကျွန်းဆီမီး သိမ်တော်ကြီး စေတီတော်တို့အား သွားရောက် ဖူးမျှော်ကြည်ညိုကြပီးနောက်  မြိတ်မြို့ မြို့မဈေး၊ မြိတ်ကုန်တိုက်တို့အား သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသို့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ များမှ စစ်ရေယာဉ်များ မကြာခဏ လာ ရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်

0 comments: