Tuesday, March 17, 2015

ထိုင်းနိုင်ငံလုပ် သင်္ကြန်သုံး ရေကစား ပစ္စည်းမျိုးစုံ မြိတ်ဈေးကွက်သို့ဝင်ရောက်

ထိုင်းနိုင်ငံလုပ် သင်္ကြန်သုံး ရေကစား ပစ္စည်းမျိုးစုံ မြိတ်ဈေးကွက်သို့ဝင်ရောက်

မြိတ်   မတ်   ၁၅

မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကြီး မကြာမီ ကျရောက်တော့မည် ဖြစ်၍ ကလေးငယ်များ ကြိုက်နှစ်သက်သော ထိုင်းနိုင်ငံလုပ် သင်္ကြန်သုံး ရေကစား ပစ္စည်းများကို တနင်္သာရီတိုင်း ဒေသကြီး  မြိတ်ဈေးကွက် အတွင်းသို့ ယခုလမှ စတင် ဝင်ရောက်လာကာ ကလေးငယ်များအား သင့်တင့်သော ဈေးနှုန်းဖြင့်  ပြန်လည် ရောင်းချပေးခြင်းကြောင့်  အရောင်းအဝယ် သွက်လျက်ရှိကြောင်း  မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် နာရီစင်အနီးရှိ စတိုးဆိုင်မှ သိရသည်။


အဆိုပါ ထိုင်းနိုင်ငံထုတ် သင်္ကြန်သုံး ရေကစား ပစ္စည်းများ၊  ကလေးကစားစရာ ရေပြွတ်များမှာ ပလတ်စတစ်၊ စတီးစသည်ဖြင့် အမျိုးမျိုးရှိပြီး ပစ္စည်းနှင့် အမျိုးအစားပေါ် မူတည်၍ အနည်းဆုံး ငွေကျပ် ၅ဝဝ မှ ၁ဝဝဝဝ ကျော်အထိ ပေါက်ဈေး ရှိကာ  ရောင်းချရသည့်  ပစ္စည်းများအနက် သရဲမျက်နှာဖုံး၊ ကာတွန်းရုပ် မျက်နှာဖုံး၊ ဆံပင်အတုနှင့် သင်္ကြန်ပန်းကုံးများမှာ အရောင်းရဆုံး ဖြစ်ကြောင်း သတင်း ရရှိသည်။   

မြ၀တီသတင်းစာ

0 comments: