Friday, March 20, 2015

လက်ပတ်ဖြူဝတ် လှုပ်ရှားမှု မြိတ်မြို့တွင် ဆောင်ရွက်

 လက်ပတ်ဖြူဝတ် လှုပ်ရှားမှု မြိတ်မြို့တွင် ဆောင်ရွက်
----------------------------------------------------
အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားနှင့် ပြည်သူများ အကြမ်းဖက် ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် အနေဖြင့် လက်ပတ်ဖြူဝတ်  လှုပ်ရှားမှုကို  ရန်ကုန်နှင့် မန္တလေးတို့ အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ မြို့ကြီး ၁၉ ခု၌ မတ်လ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်း မြိတ်မြို့တွင် လည်း ၈၈ မျိုးဆက်များ၊ ကျောင်းသား များနှင့် လူမှုရေး အဖွဲ့အစည်း များက ၄င်းလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။



မြို့တော်ခန်းမ အရှေ့နှင့် လက်ပံတန်းတွင် ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများ အကြမ်းဖက် ဖြိုခွဲခံရမှုကို ဆန့်ကျင်သည့် အနေဖြင့် လက်ပတ်ဖြူဝတ် လှုပ်ရှားမှုကို မတ်လ ၁၃ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ရန်ကုန်မြို့လယ်ရှိ လူစည်ကားရာ နေရာများတွင် စတင်ခဲ့ပြီးနောက် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေချိန်၌ ယာယီ ရပ်နားခဲ့ပြီး မတ်လ ၁၉ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။



အဖြူရောင် ပိတ်စပေါ်၌ အစိမ်းရောင်ဖြင့် We are Students; Respect Our Right ဟု ရေးသားထားသည့် လက်ပတ်ဖြူများကို အကြမ်းဖက် ဖြိုခွဲမှုကို ကန့်ကွက်သူများက ဝတ်ဆင်ခဲ့ကြပြီး လူစည်ကား ရာ နေရာများဖြစ်သည့် မြိတ်မြို့ ဆိပ်ငယ် ဈေးကြီးနှင့် ကမ်းနားလမ်း တစ်လျှောက်၌ လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

ဓာတ်ပုံ - tanintharyi youth network

0 comments: