Tuesday, March 17, 2015

မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ ထိုင်းဈေးကွက်သို့ တင်ပို့

မြိတ်ဒေသမှ ရေထွက်ပစ္စည်းများ ထိုင်းဈေးကွက်သို့ တင်ပို့

မြိတ် မတ် ၁၄

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ဒေသ အတွင်းရှိ ရေလုပ်ငန်းမှ ထွက်ရှိသော ကုန်ပစ္စည်းများ အနက် ပြည်ပ နိုင်ငံများသို့ တင်ပို့သည့် ပမာဏ၏ ၉ဝ ရာခိုင်နှုန်းကို ထိုင်းဈေးကွက်သို့ တင်ပို့နေရကြောင်း မြိတ်ဟိုတယ်၌ ကျင်းပခဲ့သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေလုပ်ငန်းရှင်များ၊ ရေလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်ကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်သော Value Chain ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြိတ်ဒေသ အတွင်းရှိ ရေလုပ်ငန်းမှ ထွက်ရှိသော သားငါးများကို ပြည်ပတင်ပို့မှုမှာ ၈ဝ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း စားသုံးမှုမှာ ၂ဝ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။


မြိတ်ခရိုင် အတွင်း မြိတ်အခြေပြု ပင်လယ်ငါးဖမ်းလှေ ၇ဝဝ ကျော်၊ ဒေသခံ ကမ်းဝေး ငါးဖမ်းလှေ ရေယာဉ် ၃ဝဝ ကျော်၊ ကမ်းနီး ငါးဖမ်းလှေ ရေယာဉ် ၆ဝဝ စင်းခန့်၊ ငါးလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်နေကြသည့် အအေးခန်း စက်ရုံ ငါးခု၊ ကျောက်ငါး မွေးမြူရေးကန် သုံးကန်၊ ကကတစ်ငါး မွေးမြူရေးကန် လေးကန်၊ ကဏန်းပျော့ မွေးမြူရေးကန် လေးကန်နှင့် ရေခဲစက်ရုံ ၂ဝ ရှိကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ထံမှ သိရသည်။

မြ၀တီ

0 comments: