Friday, March 6, 2015

ကျွန်းစုမြို့တွင် ရေအခက်အခဲ ဖြစ်နေသည့် ရပ်ကွက်များသို့ တပ်မတော်(ရေ)မှ ရေပေးဝေ



ကျွန်းစုမြို့တွင် ရေအခက်အခဲ ဖြစ်နေသည့် ရပ်ကွက်များသို့ တပ်မတော်(ရေ)မှ ရေပေးဝေ

နွေရာသီရောက်ရှိ လာသောကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ကျွန်းစုမြို့ အမှတ်(၃)ရပ်ကွက် သဇင်လမ်းနှင့် မေတ္တာလမ်းရှိ အိမ်ခြေ (၁၂၀)ခန့်မှ  အိမ်ထောင်စုဝင်များ သောက်သုံးရေ လွယ်ကူစွာ အသုံးပြုနိုင်ရေး အတွက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းတွင် သောက်သုံးရေများ သွားရောက် ပေးဝေ ခဲ့ကြောင်း သိရသည်။ 



ထိုသို့ ပေးဝေရာတွင် ရေသယ်ကား (၃)စီးဖြင့် ရေဂါလန် (၃၀၀၀) ခန့်အား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် အရာရှိ စစ်သည်များက သွားရောက် ပေးဝေခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ရေအခက်အခဲ ဖြစ်နေသည့် ကျွန်းစုမြို့ပေါ် ရပ်ကွက်များသို့ သောက်သုံးရေ ရေပေးဝေခြင်းအား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် အစီအစဉ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: