Friday, January 24, 2014

မြိတ်မြို့မှ ကားပိုင်ရှင် ယောင်ဆောင် ငွေလိမ်လည်သူ သိရှိစေရန်

၁၅.၁.၂၀၁၄ ဗုဒ္ဓဟူးနေ့ နံနက်(၉) နာရီခွဲတွင် မြိတ်- တနင်္သာရီ- လယ်တောင်ယာ ခရီးစဉ်ပြေးဆွဲ နေသော ငွေဖြိုးခိုင်ကား (၄က/၂၃၄၁) သည် မြိတ်မြို့နောက်လယ်(၁)လမ်း OK ဆန်ဆိုင်ရှေ့တွင် ရပ်နားထားစဉ် မြိတ်၊ ကန်ဖျား ရပ်နေ ကိုဟန်မင်းဇော်မှ တနင်္သာရီမြို့တွင် နေထိုင်သော  အဒေါ်ဖြစ်သူ ဒေါ်အေးမူ ထံသို့ အဆိုပါ ကားဖြင့်ငွေ (၁၀) သိန်းကျပ် တိတိအား  လွဲအပ်ရန် အတွက် ကားပိုင်ရှင် ကိုသားတုတ် ဆိုသူအား ပေးအပ်ရန် လာရောက်ခဲ့ပါသည်။ 


ထိုသို့လာရောက် ပေးအပ်ရာတွင် ကိုသားတုတ်မှာ ပစ္စည်းတင်ရန် အပြင်ခဏသွားနေခိုက် အခြားသူ တစ်ယောက် (ကားတွင် လိုက်ပါစီးနင်းသူ ခရီးသည်)က မိမိကိုယ်ကို ကားပိုင်ရှင် ကိုသားတုတ် ဟုပြောဆို အယောင်ဆောင်ကာ အပ်ငွေ(၁၀)သိန်းအား လက်ခံခဲ့ ပါသည်။ အဆိုပါ ငွေလက်ခံသည်ကို ကားပေါ်တွင် စီးနင်း လိုက်ပါသော ခရီးသည်များ တွေ့မြင်ပါသည်။ အဆိုပါ သူသည် နောက်လယ်(၁) လမ်းမှ ကားဖြင့် ဆက်လက်စီးနင်း လိုက်ပါခဲ့ပြီး နောက်လယ်(၇)လမ်း ရွှေသာရီ ကားဂိတ်သို့ အရောက်တွင် ကားပေါ်မှ ဆင်းကျန်ခဲ့ကြောင်း သိရပါသည်။ 

ထိုသူ၏ ပုံပန်းသဏ္ဍာန်မှာ အသက်(၄၀) ၀န်းကျင်ခန့်ရှိပြီး အရပ် ငါးပေလေး လက်မခန့်ရှိကာ အသားညိုညို မျက်နှာ သွယ်သွယ် ခန္ဓာကိုယ် ပိန်ပိန် ပါးပါးဖြစ်၊ နေရပ်လိပ်စာ စုံစမ်းထားပြီး ဖြစ်ပါသည်။ အဆိုပါ လိမ်လည်သူသည် ယနေ့ဤစာ ပါသည့် နေ့မှ စ၍  ၅.၂.၂၀၁၄ ရက်နေ့အထိ ရိုးရိုးသားသားဖြင့် အဆိုပါ ငွေအား ပြန်လည် အပ်နှံပါက တရားစွဲဆိုခြင်း မပြုပါကြောင်း ပိုင်ရှင်ဖြစ်သူမှ အာမခံပါသည်။ 

အဆိုပါ သတ်မှတ်ရက် ကျော်လွန်ပါက တရားဥပဒေ အရ အရေးယူရန် ဆက်လက် ဆောင်ရွက်မည်ဖြစ် ပါသည်။
ဆက်သွယ်ရန် လိပ်စာ ဒေါ်အေးမူ တနင်္သာရီမြို့ ဖုန်း-09250470500၊ / 0949898349
လေပြေ လက်ဖက်ရည်ဆိုင်၊ မြိတ်မြို့ 05942307

0 comments: