Wednesday, January 29, 2014

မြိတ်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူ များအား မှုခင်း ကျဆင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး ဟောပြော



တက္ကသိုလ် ကျောင်းသား ကျောင်းသူ များအား မှုခင်း ကျဆင်းရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော  ဆေးဝါးများ ဆိုင်ရာ ဥပဒေများ အကြောင်းနှင့် ယာဉ်စည်းကမ်း လမ်း စည်းကမ်း ပညာပေး ဟောပြောခြင်း ကို ယနေ့နံနက် (၉း၃၀)တွင် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးမှ အဖွင့် အမှာစကား ပြောကြားပြီး မြိတ်တက္ကသိုလ်  ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူးမှ အမှာ စကားပြော ကြားသည်။


ထိုနောက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဆိုးကျိုးများ အကြောင်း ပညာပေး ဟောပြောပြီး မြိတ်ခရိုင်  တရားသူကြီး ဦးဝင်းအောင်၊ မြိတ်ခရိုင် ဥပဒေအရာရှိ ဦးလှထွန်း တို့မှ မူးယစ်ဆေးဝါး ဆိုင်ရာ ဥပဒေ အကြောင်း သိကောင်း စရာ များကို ပညာပေး ဟောပြော သည်။

ဆက်လက်၍ မြိတ်ခရိုင် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဌေးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မော်တော်ယာဉ် ဥပဒေများ အကြောင်းကို လည်းကောင်း၊ ယာဉ်ထိန်း တပ်ဖွဲ့မှူး ဒုရဲမှူးနေ၀င်းတို့မှ ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် လိုက်နာရမည့် အချက်များကို လည်းကောင်း ပညာပေး ဟောပြောခဲ့ပြီး ပညာပေး လက်ကမ်း စာစောင်များ ဝေငှကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ အခမ်းအနားသို့ ဆရာ ဆရာမနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူ(၈၂၀) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

မြိတ် ပြန်/ဆက်

0 comments: