Friday, January 3, 2014

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဖလား ရပ်ကွက်နှင့် ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်လှစ် တိုင်းဒေသကြီး ၀န်ကြီးချုပ် တက်ရောက်အားပေး

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြိတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖလား၊ ရပ်ကွက်နှင့် ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကိုယ် ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ (၂)ရက်နေ့ ညနေ(၃) နာရီ အချိန်တွင် မြိတ်မြို့ မြို့မအားကစားတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် တနင်္သာရီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူလူထုများ၊ ပြိုင်ပွဲဝင် အားကစား အသင်း (၃၄) သင်းမှ အုပ်ချုပ်သူနှင့် နည်းပြများ ၊ အားကစားသမားများ တက်ရောက်သည်။ 




အခမ်းအနား အစီအစဉ်အရ  ပြိုင်ပွဲအသင်း(၃၄) သင်းမှ ကွင်းအတွင်း နေရာယူ ပြီးနောက် မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှန်မှ မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေး ခဲ့သည်။ ထိုနောက် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ အဖွဲ့ဝင်များမှ 'ရာသက်ပန် ပြည်ထောင်စု' သီချင်းဖြင့် စုပေါင်းသီဆို ဖျော်ဖြေခဲ့သည်။ 

ဆက်လက်၍  ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင်၊ တနင်္သာရီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားကာ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်က ပြိုင်ပွဲ ကျင်းပရခြင်းနှင့် ပက်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ 

ထိုနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ပြီးနောက် ပြိုင်ပွဲဝင် အားကစား သမား များအား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်သည်။  ဆက်လက်ပြီး ချစ်ကြည်ရေး ပွဲစဉ် အဖြစ် ခရိုင်/ မြို့နယ် ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော အုပ်ချုပ်ရေးမှူးးများ အသင်းနှင့် မြိတ်ခရိုင် အမျိုးသမီး လက်ရွေးစင်အသင်းတို့ မိနစ် (၃၀)  ယှဉ်ပြိုင် ကစားကြရာ ဂိုးမရှိ သရေ ဖြစ်ခဲ့သည်။ 

ထိုနောက်  ဘောလုံးပြိုင်ပွဲ စတင်ကျင်းပခဲ့ရာ မြိတ်တောင်ကျေးရွာ အုပ်စု ဘောလုံး အသင်းနှင့် ကလွင်ကျေးရွာ အုပ်စု ဘောလုံး အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြိတ်တောင်ကျေးရွာ အုပ်စု ဘောလုံး အသင်းက တစ်ဂိုး ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။ 

လွှတ်တော် ကိုယ်စားလှယ်များ ဖလား၊ ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို (--၂၀၁၄) ရက်မှ (၁၄--၂၀၁၄) ရက်အထိ မြိတ်မြို့၊ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ၄င်းဘောလုံး ပြိုင်ပွဲကို မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂) အုပ်စုတို့ဖြင့် အသင်းပေါင်း (၃၄) သင်းအား အုပ်စု () စုခွဲကာ တစ်နေ့လျှင် () ကြိမ် နံနက် / ညနေ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပထမဆု ရရှိသည့် အသင်းအား ဆုငွေ ကျပ် သိန်း (၃၀)၊ ဒုတိယ ဆုရရှိသည့် အသင်းအား ကျပ်သိန်း(၂၀)၊ တတိယဆု ရရှိသည့် အသင်းအား ဆုငွေ ကျပ် (၁၀)သိန်း ၊ ပူးတွဲ တတိယဆုအား ကျပ်(၁၀)သိန်း ပေးအပ် ချီးမြှင့် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: