Friday, January 3, 2014

မြိတ်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၇) ဦး လွတ်မြောက်ခွင့်ရ

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် (၅၁/ ၂၀၁၃)ဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ပြုထားသည့် အကျဉ်းသားများအား နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းက အထောက်အပံ့   ဖြစ်စေ သည့် နိုင်ငံသားများ အဖြစ်သို့ ပြောင်းလဲ နိုင်ရေးအတွက် မြိတ်အကျဉ်းထောင်က ကျင့် (၄၀၁) အရ  (၂-၁-၂၀၁၄) ရက်နေ့ နေ့လည် (၁)နာရီ အချိန်တွင် အကျဉ်းသား အမျိုးသား (၈၆) ဦး၊ အမျိုးသမီး (၂၁) ဦး ပေါင်း (၁၀၇)ဦးအား လွတ်ပေးခဲ့သည်။ 




ထိုသို့ ပြန်လည် လွတ်ပေးခဲ့သည့် အကျဉ်းသားများအား အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက မိမိတို့ ရပ်ရွာ ဒေသသို့ ပြန်လည် ရောက်ရှိသည့် အခါ ကောင်းမွန်စွာ နေထိုင်ကြရန် ၊ နိုင်ငံတော်၏ စေတနာနှင့် မေတ္တာကို ထောက်ရှု၍ နိုင်ငံ့ အကျိုးပြု လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က လွတ်မြောက်သူ များ အနေဖြင့် မိမိတို့ ဒေသသို့ ပြန်လည် ရောက်ရှိသည့် အခါ   ကောင်းမွန်စွာ နေထိုင်ကြရန်နှင့် တရား ဥပဒေ ဘောင်အတွင်းမှ နေထိုင် လုပ်ကိုင် စားသောက်ကြရန် မှာကြားခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည့် အကျဉ်းသားများအား ညနေ (၃) နာရီ အချိန်တွင် လွတ်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: