Sunday, January 19, 2014

မြိတ်အဆောင်ကောင်း ကုမ္ပဏီ၌ SAMSONIC လျှပ်စစ် ပစ္စည်း ရောင်းချပွဲ ပြုလုပ်မည်

တနသာင်္ရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုံရှိ အဆောင်ကောင်း ရေလုပ်ငန်း ကုမ္ပဏီ၌ SAMSONIC လျှပ်စစ် ပစ္စည်း အမျိုးမျိုးရောင်းချ ပွဲကြီး ပြုလုပ်မည် ဖြစ်ကြောင်းသိ ရသည်။

“ ရန်ကုန်က တိုက်ရိုက် လာရောင်းချမှာပါ ….. ကုမ္ပဏီဝန်ထမ်းတွေ အတွက် အဓိကထားပြီး အရစ်ကျ စနစ်နဲ့ ရောင်းချပေးသွား မှာပါ ” ဟု အဆောင်ကောင်း ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဦးသိန်းအောင်က ပြောသည်။




၎င်းဈေးရောင်းပွဲကို ဇန်န၀ါရီလ (၂၂)ရက်မှ (၂၅)ရက်ထိ ရောင်းချပေးသွားမည် ဖြစ်ပြီး ကုမ္ပဏီ ၀န်ထမ်းများ အနေဖြင့် ပစ္စည်း တန်ဖိုး၏ ၂၅%အား လက်ငင်း ပေးချေရမည် ဖြစ်ပြီး ကျန်၇၅%ကို (၄)လ အတွင်း အပြီးပေးချေရမည် ဖြစ်ကြောင်း၊ ဈေးနှုန်း ချိုသာစွာနှင့် ရောင်းချပေးမည် အကြောင်း ၎င်းက ပြောသည်။

“ စိတ်ဝင်စားတဲ့ အပြင်က လူတွေလည်း လာဝယ်လို့ ရတယ်၊ ပစ္စည်းကို ကုမ္ပဏီက(၂)နှစ် အာမခံပေးထားပါတယ် ” ဟုဦးသိန်းအောင် ကပြောသည်။

၎င်းဈေးရောင်းပွဲ၌ Audio, Video နှင့် Home Appliances အမျိုးအစား (၄၀)ခန့် ရောင်းချပေးမည် ဖြစ်ပြီး ATL Electromic Company Limited(ရန်ကုန်)မှ လာရောက် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။


0 comments: