Sunday, January 26, 2014

မြိတ်ကျွန်းစု အတွင်းရှိ ကျွန်းလေးခုတွင် နိုင်ငံတကာ အဆင့်မီ ဘန်ဂလိုများ မြိတ် အများပိုင် ကော်ပိုရေးရှင် ဆောက်လုပ်ရန် အဆိုပြုတင်ပြ

မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းလေးခု တွင် နိုင်ငံတကာ အဆင့်မီ ဘန်ဂလို များဆောက်လုပ် သွားရန် အဆိုပြု တင်ပြထားပြီးဖြစ်ကြောင်း ဒါရိုက်တာ အဖွဲ့ဝင် ဦးစိုးစိုးက ပြည်ထောင်စု နေ့စဉ်သို့ ပြောသည်။


အဆိုပါ အပန်းဖြေစခန်းများ တည်ဆောက် မည့် ကျွန်းများမှာ ကွမ်းသီးကျွန်း (ကဘူဇာကျွန်း)၊ အရှေ့ စူဠာကျွန်း၊ လငန်းကျွန်းစုနှင့် တနင်္သာရီကျွန်း တို့ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေ သကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာ ရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦး က ပြည်ထောင်စုနေ့စဉ်သို့ ပြော သည်။

''အဆိုပြု တင်ပြထားပါသေး တယ်။ တည်ဆောက်မယ့်နေရာမှာ ဒေသခံတွေရဲ့ ထိခိုက်မှုရှိမရှိ၊ ပြီး တော့ သဘာဝပတ်ဝန်းကျင် ထိခိုက် မှု မရှိအောင် လုပ်ရမယ်။ ဂေဟစနစ် မပျက်စီးရဘူး။ သစ်တော ထိန်းသိမ်း ရေးနယ်မြေတွေနဲ့ လွတ်ကင်းရမယ်။ ဒီအပေါ်မှာ ကြည့်ပြီး ခွင့်ပြုပေးသွား မှာဖြစ်တယ်။ ထိုအပြင်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေး မယ်ဆိုရင် ဦးစားပေးသွားမယ် ''ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောသည်။

ယခုလက်ရှိတွင် အဆိုပါအများ ပိုင်ကုမ္ပဏီမှ ကျွန်းမြေပြင် ကွင်း ဆင်းလေ့လာခြင်းကို ဆောင်ရွက် နေပြီး အခြေအနေများကို တင်ပြပြီး ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့ဝင် ဦးစိုးစိုးကပြောသည်။ ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံရာ၌လည်း မြိတ်-မော တောင်လမ်းပြီးသွားပါက ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ မည့်အတွက် ကြိုတင် ရင်းနှီးမြှုပ်နှံ လိုခြင်းဖြစ်ကြောင်း ၄င်းကပြော သည်။

လက်ရှိတွင် ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တည် ဆောက်ရေး လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာ ပြီး မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်ခြင်းနှင့် အတူ ကုန်သွယ်မှု လုပ်ငန်းများလည်း တိုးတက်လာ နေပြီဖြစ်ကြောင်း သိရသည်။ ထို့ ကြောင့် မြိတ်ဒေသသို့ ကုန်သွယ်မှု လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ ဖြင့် အလည်အပတ် လာရောက်မည့် ဧည့်သည် များအား အပန်းပြေစေရန်၊ ရေမြေတောတောင် ကျွန်းများနှင့် ဂေဟစနစ် မပျက်စီးသေးသည့် သန္တာကျောက်တန်း များ၏ သဘာဝ အလှများကို ကြည့်ရှုခံစားနိုင်စေ ရန်အတွက် ကျွန်းအပန်းဖြေစခန်း များကို မြိတ်အများပိုင်ကော်ပိုရေးရှင်း လီမိတက်က တည်ဆောက်လို ခြင်းဖြစ်ကြောင်း အဖွဲ့ဝင် ဦးစိုးစိုးက ပြောသည်။

''အခုကတော့ ကွင်းဆင်းကြည့် တဲ့အဆင့်ပါပဲ၊ အဓိကကတော့ရေ ချိုရမယ်၊ ပြီးတော့ မီးမရပေမယ့်လဲ ကိုယ်ပိုင် မီးစက်တွေနဲ့ ဆောင်ရွက် ရင်တော့ရ ပါတယ်၊ ၂ဝ၁၅လောက် မှာတော့ စတင်ဆောင်ရွက်ဖြစ် မယ်''ဟု ၄င်းကပြောသည်၊၊ လက်ရှိတွင် အဆိုပါ ကျွန်းများကို သစ် တောဌာန၊ မြေစာရင်း၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ က သွားရောက်လေ့လာ ခဲ့ပြီးဖြစ် ကြောင်း သိရသည်။

ယခုကဲ့သို့ ဟိုတယ်များတည် ဆောက်မည်ဆိုပါက မြေပိုင်ဆိုင်မှု ကသာ အရေးကြီးကြောင်း၊ ထို့ နောက် မှသာ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာနတို့ ထံသို့ တင် ပြရမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဒေါက်တာတင်ရွှေ က ပြောသည်။

တည်းခိုခန်း ဆိုရင်တော့ စည်ပင် နဲ့ပြီး ပါတယ်။ သို့သော် နိုင်ငံခြား သား လက်ခံမယ် ဆိုရင်တော့ ဟို တယ်/ ခရီးကို တင်ပြရမှာဖြစ်တယ်၊ ဟိုတယ်/ ခရီးအနေနဲ့ ကလဲ မြန်မြန် ဆန်ဆန်နဲ့   ဆောင်ရွက်ပေးသွားမှာ ပါ။ တကယ်လဲ လိုအပ်နေတာဖြစ် တယ်'' ဟု ဒုတိယဝန်ကြီးဒေါက်တာ တင်ရွေကပြောကြား သည်။

ယဉ်ယဉ်လှ (ရန်ကုန် ဇန်နဝါရီ ၂၄)
ပြည်ထောင်စုနေ့စဉ် သတင်းစာမှ ကူးယူဖော်ပြပါသည်။

0 comments: