Wednesday, January 1, 2014

မြိတ်မြို့နယ် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့၌ အုပ်ချုပ်ရေးမှူးများ ဘောလုံးအသင်းနှင့် ခရိုင်အမျိုးသမီးလက်ရွေးစင် ဘောလုံး အသင်း ချစ်ကြည်ရေးဘောလုံးပွဲ ကစားမည်


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၌ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လွှတ်တော်ကိုယ်စားလှယ်များဖလား၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို (၂-၁-၂၀၁၄) ရက်မှ (၁၄-၂-၂၀၁၄) ရက်အထိ မြိတ်မြို့၊ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


၎င်းဘောလုံးပြိုင်ပွဲကို မြိတ်မြို့နယ် အတွင်းရှိ ရပ်ကွက် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂) အုပ်စုတို့ဖြင့် အသင်းပေါင်း (၃၄) သင်းအား အုပ်စု (၈) စုခွဲကာ တစ်နေ့လျှင် (၂) ကြိမ် နံနက် / ညနေ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲနေ့ ၂၀၁၄ ခုနှစ်၊ ဇန္န၀ါရီလ (၂) ရက်နေ့၊ ညနေ (၃း၀၀)နာရီအချိန် ဖွင့်ပွဲကျင်းပပြုလုပ်ပြီး အုပ်ချုပ်ရေးမှူးများ ဘောလုံး အသင်းနှင့် မြိတ်ခရိုင် အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းတို့ ချစ်ကြည်ရေးပွဲ အနေဖြင့် ကစားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ပတ်လည် အသင်းများဖြစ်သည့် ကလွင်ကျေးရွာ အုပ်စု အသင်းနှင့် မြိတ်တောင်ကျေးရွာ အုပ်စု အသင်းတို့ ဆက်လက် ယှဉ်ပြိုင် ကစား သွားမည်ဖြစ်ကြောင်းနှင့် ဘောလုံးပွဲ လာရောက်ကြည့်သူ အများပြည်သူများ အနေဖြင့်လည်း အခကြေးငွေ ပေးဆောင်ရန် မလိုဘဲ လွတ်လပ်စွာ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

0 comments: