၂၀၁၄
ခုနှစ်၊
ဇန်န၀ါရီလ
၁၈
ရက်နေ့
ညနေ
၎
နာရီခွဲအချိန်
တနင်္သာရီတိုင်းဒေသကြီး၊
ကျွန်းစုမြို့နယ်၊
တောင်သုံးလုံးကျေးရွာနေ
စက်လှေပိုင်ရှင်
ဦးဖိုးဇော်(၃၅)နှစ်သည်
၎င်း၏မိတ်ဆွေဖြစ်သူ
ပုလောမြို့နယ်၊
ကြဲကျေးရွာနေ
ဦးထွန်းနိုင်ငယ်(၂၇)နှစ်၏ အဘိုးနာရေးကိစ္စသွားရန်
ဦးဖိုးဇော်ပါ
ကျား
၁၃ဦး၊
မ
၆
ဦး၊
စုစုပေါင်း
၁၉
ဦးသည်
စက်လှေဖြင့်
တောင်သုံးလုံးမှ
ကြဲကျေးရွာသို့
ထွက်ခွာခဲ့ရာ
သမီးလှကျွန်းနှင့်
ကော့ဒွေးကျွန်းအကြားအရောက်၌
လှိုင်းကြီးသဖြင့်
စက်လှေနစ်မြုပ်ခဲ့သည်။
ထိုသို့
နစ်မြုပ်မှုကြောင့်
စက်လှေပေါ်ပါ
ကျွန်းစုမြို့နယ်၊
တောင်သုံးလုံးကျေးရွာနေ
မစုစုလှိုင်(ခ)မကြာပွင့်
(၂၅)နှစ်မှာ
ပင်လယ်ပြင်၌
မျောပါနေစဉ်
ငါးဖမ်းစက်လှေတစ်စီးမှ
အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး
တောင်သုံးလုံး
ကျေးရွာသို့
ပို့ဆောင်ပေးအပ်ခဲ့ သဖြင့်
တောင်သုံးလုံးရွာသူ/ ရွာသားများမှ
ပင်လယ်ပြင်သို့
သွားရောက်
ရှာဖွေကယ်ဆယ်မှုများ
ပြုလုပ်ခဲ့ရာ
ဦးဖိုးဇော်ပါ
ကျား
၁
ဦး၊
မ
၂
ဦးတို့အား
ပင်လယ်ပြင်၌
မျောပါနေစဉ်
အသက်ရှင်လျက်
ထပ်မံကယ်ဆယ်နိုင်ခဲ့သည်။
ရဲဇာနည်
0 comments:
Post a Comment