Tuesday, January 28, 2014

ပြည့်ဖြိုးထွန်း ကုမ္ပဏီ ၀န်ထမ်းအိမ်ယာ မီးဘေးသင့် ပြည်သူများအား တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ဆန်အိတ်များ လှူဒါန်း




၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၇) ရက်နေ့ ညပိုင်းတွင် လောင်ကျွမ်းခဲ့သော ကျွန်းစုမြို့နယ် ပထက်ကမ်းရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီ လုံးချင်းအိမ်ယာများ မီးလောင်ကျွမ်းမှုတွင် ပါဝင်ခဲ့သည့် မီးဘေးသင့် ပြည်သူများ အတွက် တနင်္သာရီရေတပ်စခန်းဌာနချုပ် အရာရှိ ၊ စစ်သည့်များမှ လှူဒါန်းသည့် ဆန်အိတ် (၂၀) ကို ဒုတိယဌာနချုပ်မှူး ဒုတိယ ဗိုလ်မှူးကြီး နိုင်မင်းကျော် နှင့် အရာရှိများက ယနေ့ (၂၈)

 
 ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် သွားရောက် လှူဒါန်းရာ ပြည့်ဖြိုးထွန်း ကုမ္ပဏီ မန်းနေဂျင်း ဒါရိုက်တာ ဦးလှသန်းမှ မီးဘေးသင့် ပြည်သူများ ကိုယ်စား လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments: