Friday, January 17, 2014

နေစရာမရှိ အဟာရ ပြတ်လပ်ပြီး နာမကျန်းဖြစ်နေသည့် ဒုက္ခရောက်နေသူ တစ်ဦးအား စေတနာရှင် တစ်ချို့မှ ဆေးကုသပေးပြီး နေရပ်သို့ပြန်နိုင်ရန် ဖေးမကူညီခဲ့

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၅)ရက်၊ နံနက် (၃း၀၀)နာရီအချိန်ခန့်တွင် မြိတ်မြို့၌ ဒုက္ခရောက် အခက်အခဲ ဖြစ်နေသည့် ဟင်္သာတမြို့၊ လိပ်ချောင်းကျေးရွာနေသူတစ်ဦးအား နေရပ်သို့ ပြန်နိုင် ရန် စေတနာရှင်တစ်ချို့မှ ကူညီပေးခဲ့ကြောင်း သိရှိရသည်။




 
ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၁၀)ရက်၊ (၁၀း၀၀)နာရီအချိန်ခန့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ တောရကျောင်းရပ် အရံမီးသတ်တပ်ဖွဲ့ဝင် ဦးကြည်ဝေ၊ ဦးစနေ နှင့် ဦးဖိုထောင် တို့မှ နယ်မြေ လုံခြုံရေး ကင်းလှည့်စဉ် တောရအောက်ကျောင်း အနီး ဗောဓိပင်အောက် လူတစ်ယောက် လဲလျောင်းနေသည်ကို တွေ့ရှိ၍ ၀င်ရာက် ကြည့်ရှုရာ ထိုသူမှာ သူစွန့်သည့် အညစ်အကြေးများ သူ၏ခန္ဓာကိုယ်တွင် ပေကျံလျှက် မေ့မျောလု နီးပါး ဝေဒနာဆိုး ခံစားနေရသော အရက်သောက်သုံးထားသူတစ်ဦး ဖြစ် သည်ကို တွေ့ရှိခဲ့ရသဖြင့် အမှတ်() နယ်မြေ ရဲကင်းမှူး ဒုရဲအုပ် အေးနိုင် နှင့် တောရကျောင်းရပ် ရာအိမ်မှူး ဦးမျိုးလွင်တို့အား အကြောင်းကြားကာ တောရကျောင်းရပ် အရံမီးသတ် တပ်ဖွဲ့မှ မြိတ်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ သယ်ဆောင် ဆေးကုသပေးခဲ့ကြောင်း၊ ထိုကဲ့သို့ ဝေဒနာဆိုး ခံစားနေရသူမှာ ဟင်္သာတမြို့ လိပ်ချောင်းကျေးရွာနေ ဦးအောင်ဆန်းဝင်း (၄၅ နှစ်) ဟု သိရပြီး ကော့သောင်းမြို့နှင့် မြိတ်မြို့သို့  လုပ်လုပ်ရန် ရောက်ရှိလာရာမှ ပိုက်ဆံပြတ်လပ် နေစရာမရှိ အခက်အခဲဖြစ် ဒုက္ခရောက်နေသူ တစ်ဦးဖြစ်ကြောင်း၊ ()ရက်အကြာ ကျန်းမာရေး ကောင်းမွန်သည် အထိ ဆေးဝါး ကုသမှု ခံယူစေပြီး နေရပ်သို့  ပြန်ရန်အတွက် ကားလက်မှတ်နှင့် ခရီးစရိတ်များ ပေးကာ ဇန်န၀ါရီလ (၁၅)ရက်၊ နံနက် (၃း၀၀)နာရီ အချိန်ခန့် မြိတ်မြို့၊ ကရာနီလမ်းဆုံ၊ သီဟမင်း (မြိတ်-ရန်ကုန်) မှန်လုံကားပေါ်ထိ ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ အကုန်ကျခံ  စေတနာထား ကူညီပေးခဲ့သူများမှာ ကံခေါင်းရပ်ကွက်၊ မြစ်ငယ်ရပ်ကွက်နှင့် ဆိပ်ငယ် ရပ်ကွက် တို့မှ အုပ်ချုပ်ရေးမှူးများ၊ တောရကျောင်းရပ် အရံ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်ခိုင်ဖြိုး ပါတီဝင်များ ဖြစ်ကြောင်း သိရှိရသည်။

0 comments: