Friday, January 24, 2014

တနင်္သာရီမြို့နယ် ပ၀ကျေးရွာအုပ်စု၌ ဇနီးက ခင်ပွန်းအား ဓားဖြင့် သေအောင် ခုတ်သတ်မှု ဖြစ်ပွား

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၃)ရက်နေ့ နံနက် (၁)နာရီ အချိန်ခန့်တွင် မြိတ်ခရိုင် တနင်္သာရီ မြို့နယ် ဖိုးမဲရွာနေ ဦးဝင်းအောင် (၄၈)နှစ် (ဘ) ဦးစိန်လွင်၏ သားဖြစ်သူမှာ ဓားဒဏ်ရာ များဖြင့် သေဆုံးနေကြောင်း သတင်းရရှိ၍ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ သွားရောက်စစ်ဆေးရာ ၄င်းအား ဓားဖြင့် ခုတ်သူမှာ ၄င်း၏ ဇနီး ဖြစ်သူ ဒေါ်ဝင်းချို (ဘ) ဦးမီးလင်း ဖြစ်ပြီး ၄င်းတို့ လင်မယားချင်း အချင်းများပြီး ဓားဖြင့် ခုတ်ရာမှ ဦးဝင်းအောင်မှာ ဓားဒဏ်ရာ (၈)ချက်ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။


ထိုသို့ ခင်ပွန်းဖြစ်သူကို ဓားဖြင့် ခုတ်သတ်သူ ဒေါ်ဝင်းချိုအား တနင်္သာရီမြို့မ ရဲစခန်းမှ ဖမ်းဆီး အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments: