Saturday, March 8, 2014

မြိတ်မြို့တွင် ဓမ္မစကူးလ်ဆရာဖြစ် ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ

ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ ဓမ္မစကူးလ်ဆရာဖြစ် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ(၅) ရက် ညနေ(၄)နာရီက မြိတ်မြို့နယ် ကလွင်ကျေးရွာ အုပ်စု တောရအောက်ကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ သင်တန်းသား /သူများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ ဘာဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ (၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားဖွင့်လှစ်သည်။။


ရှေးဦးစွာ မြိတ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တ ပညိန္ဒာစာရ
ရွှေကျောင်းဆရာတော် ထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး တနင်္သာရီ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက်ဆရာတော်ထံမှ သြ၀ါဒကထာ နာယူမှတ်သားကြသည်။ ထိုနောက် ဓမ္မ စကူးလ်ဖောင်ဒေးရှင်းသင်တန်းနည်းပြ ဦးဇော်ဝင်းထွန်းက ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ နည်းစနစ်နှင့် ရည်ရွယ် ချက်များကို ရှင်းလင်းလျှောက်ထားသည်။

ဆက်လက်၍ မြိတ်မြို့နယ်အတွင်း ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် သင်တန်းများဖြစ်မြောက်သင် ကြားနိုင်ရေးအတွက် ရှေးဆက်ပြုလုပ်ရမည့် လုပ်ငန်းစဉ်များကို ပုလောမြို့နယ် လယ်ဝိုင်းကျောင်းတိုက် ဆရာ တော်ဒေါက်တာအရှင်ကောဝိဒ ဦးဆောင်၍ သံဃာတော် အရှင်သူမြတ်များ က ဆွေးနွေးခဲ့ကြသည်။ ယင်း နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဓမ္မစကူးလ် ဆရာ ဖြစ်သင် တန်းဖြစ်မြောက်ရေး ပါဝင်ဆောင်ဆောင်ရွက်ခဲ့သူ ဦးစိုးပိုင်ဌေးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃ၀န်ဆောင် အဂ္ဂမဟာဂန္တ၀ါစက ပဏ္ဍိတဘဒ္ဒန္တ၀ိမလ ကန်သာကျောင်း တိုက်ဆရာတော်ထံမှ သင်တန်းဖြစ်မြောက်ရေး အတွက် စွမ်းနိုင်သည့်ဘက်မှ ပါဝင်ကူညီ လှူဒါန်းပေးကြသော ဆရာတော်၊ သံဃာတော်များ၊ စေတနာရှင်များ၏ ကုသိုလ်တော်များအား အနုမောဒနာ တရားနာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထိုနောက် သင်တန်းသား သင်တန်းသူများအား တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ဥက္ကဌဆရာတော်မှ သင်တန်းဆင်း လက်မှတ် များပေးအပ်ချီးမြင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို ဆုဆောင်၍ ရုပ်သိမ်းသည်။ အဆိုပါသင်တန်းကို သံဃာတော်(၅)ပါး၊ သီလရှင်(၉)ပါး၊ လူပုဂ္ဂိုလ်(၂၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ(၂၈)ရက်မှ မတ်လ(၅)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း 
သတင်းရရှိသည်

မြိတ် ပြန်ဆက်

0 comments: