Wednesday, March 12, 2014

မြိတ်မြို့၌ သန်းခေါင်စာရင်း ကောက်ယူရေး အကြိုလှုံ့ဆော် ဖျော်ဖြေ


၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အတွက် အကြို လှုံ့ဆော် ဖျော်ဖြေပွဲအား မြိတ်မြို့ ဆိပ်ငယ်ရပ် စည်ပင်သာယာရေး ဈေးလမ်းမ၌ မတ်လ ၁၂ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန် ဖျော်ဖြေရေးယာဉ်ဖြင့် ကျင်းပ ပြုလုပ်ရာ နာမည်ကျော် လူရွှင်တော်များ ဖြစ်သည့် အရိုင်း၊ ဇီးသီး၊ စိန်သိန်း၊ ပန်းသီးနှင့် အဆိုတော် ဘန်နီဖြိုးတို့မှ တေးသီချင်းများ ၊




 ``ဟာသ အစီအစဉ်များဖြင့် ဖျော်ဖြေခဲ့ကြပြီး သန်းခေါင်စာရင်း နှင့် ပတ်သက်သည့် သိကောင်းစရာများ ဟောပြောခြင်း၊ ဂိမ်းကစားခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကာ ပရိသတ်များ အား ဦးထုပ်နှင့် တီရှပ် အင်္ကျီများ လက်ဆောင် ပေးအပ်ခဲ့သည်။

0 comments: