Friday, March 28, 2014

(၆၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မြိတ်မြို့နယ် စစ်မှုထမ်းဟောင်း မိသားစုမှ ဒုတိယ အကြိမ်မြောက် ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာ ကျင်းပ



(၆၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် မြိတ်မြို့နယ် စစ်မှုထမ်းဟောင်း မိသားစုမှ ဒုတိယ အကြိမ်မြောက် ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာ ကျင်းပ

( မြိတ် မတ် ၂၇ ရက် )

(၆၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် မြိတ်မြို့နယ်စစ်မှု ထမ်းဟောင်း မိသားစုမှ ဒုတိယအကြိမ် မြောက် ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာကို တပ်ဦး ဇဗ္မူအေးကျောင်း တွင် နံနက်(၉း၃၀)တွင် ကျင်းပရာတက် ရောက်လာကြ သူများက ဇဗ္မူရတနာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အာစာရထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး တရားဒေသနာတော်များ နာယူကြသည်။


ယင်းနောက် မြိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဦးသက်ဦးရှိန်နှင့် အဖွဲ့ဝင်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပ ရိတ်သတ် တို့အား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ အဆိုပါ အလှူတော်မင်္ဂလာတွင် ရဟန်း(၁၆)ပါး၊ ရှင်သာမဏ(၁၁)ပါး ရဟန်းခံ ရှင်ပြုခဲ့ကြောင်း သတင်းရရှိသည်။

မြိတ် ပြန်ဆက်

0 comments: