Saturday, March 8, 2014

မြိတ်ခရိုင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း တာဝန်များပေးအပ်

၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း ခရိုင်/ မြို့နယ် အဆင့် သန်းခေါင်စာရင်းကော်မတီ ဥက္ကဌများထံ သန်းခေါင် စာရင်းကောက်ယူရေး တာဝန်ပေးအပ်လွှာများ ပေးအပ်ခြင်း အခမ်းအနားကို မတ်လ(၈)ရက် နံနက်(၁၀)နာရီက အမက(မြစ်ငယ်)ကျောင်းခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင် က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ကို အမျိုးသားရေးလုပ်ငန်းအဖြစ်ခံယူ၍ ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီ 
ဥက္ကဌများထံ သန်းခေါင် စာရင်းကောက်ယူရေး တာဝန်ပေးအပ်လွှာများပေးအပ်သည်။

ထိုနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက သန်းခေါင်စာ ရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြိတ်ခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၁၁၄၂) ကွက်၊ စာရင်းစစ်၊ စာရင်းကောက်ဆရာ/ဆရာမပေါင်း (၁၄၃၅)ဦးဖြင့် သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ခရိုင် / မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်လျက်ရှိသည်များကို ရှင်းလင်း တင်ပြပြီး အခမ်းအနား ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
 
မြိတ် ပြန်ဆက်

0 comments: